ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြားမှာ တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ထံက သိရပါတယ်။

သြဂုတ်လ ၁၉ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ဘက်ကို စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်ရေယာဥ် ၂၈ စင်းကို တော်လှန်ရေးတပ်တွေက ကနီနဲ့ မင်းကင်းမြို့နယ်ကြားတစ်နေရာမှာ လက်နက်ကြီးတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

“မော်လိုက်ဘက်က ဆင်းလာတဲ့ စစ်သင်္ဘောတွေပါ။ ကိုယ့်မှာရှိတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ ၁၀၇မမ ၂လုံးသုံးတယ်။ ရော့ကတ် ၅လုံးသုံးခဲ့ပါတယ်။ သင်္ဘောတွေအပြင် ဖလက်တွေပါ ပါတယ်။” လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) သတင်းတာဝန်ရှိသူ ကိုသစ်တောက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ဦးဆောင်ပြီး တပ်ခွဲ (၂) Mahauurar Dragon၊ ကနီမြို့နယ် မဟူရာကျား ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ မုံရွာခရိုင် အမှတ်(၁၈) တပ်ရင်း Justice Brothers Forceအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက်နေချိန် စစ်သင်္ဘောတွေပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးရှိခဲ့ပြီး တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာခဲ့ရတာကြောင့် စစ်အုပ်စုဘက်က ထိခိုက်မှုကို အတည်မပြုနိင်ခဲ့ဘူးလို့ တပ်ရင်း(၃) သတင်းတာဝန်ရှိသူ ကိုသစ်တောက ပြောပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က ချင်တွင်းမြစ်အတွင်း တွေ့ရသည့် စစ်သင်္ဘောတစ်စီး (ဓာတ်ပုံ ချင်းတွင်းမြစ်ကမ်းဘေးသပိတ်စစ်ကြောင်း)

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့ကစလို့ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေကနေ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့တဲ့ အထက်ပါ အကြမ်းဖက်စစ်သင်္ဘောတွေဟာ မုံရွာမြို့အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

စစ်သင်္ဘောတွေဟာ မုံရွာမြို့နဲ့ ထိစပ်မြို့နယ်တွေမှာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေအတွက် လူအင်အားဖြည့်တင်းပေးဖို့ စုန်ဆင်းလာတာဖြစ်သလို ခန္တီးမြို့နယ်အတွင်းက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း သယ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

“အထက်ကအင်အားတွေကို ရသလောက်ခေါ်ပြီး မုံရွာဘက် ဖြည့်တင်းတာလို့ ယူဆပါတယ်။ မုံရွာနဲ့ ပတ်ချာလည်ကို စစ်ကြောင်းတွေပြန်ထိုးနိုင်ဖို့ အင်အားစုတဲ့သဘောပါ။ နောက်ပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်တပ်လက်အောက်ခံ ရှမ်းနီတွေပါ ပါလာပါတယ်။ အဲ့ဒီထဲ ခန္တီးမြို့၊ ကုမ္ပဏီ ၂ခု ၃ခုကနေ တန်ဖိုးကြီးပစ္စည်းတွေပါ သယ်လာတာဆိုတော့ အဲ့ကုမ္ပဏီတွေက စစ်တပ်နဲ့အကျိုးတူပူးပေါင်းတာလား၊ ဒါမှမဟုတ် ဒီအတိုင်းသိမ်းလာတာလားတော့ စုံစမ်းမရသေးပါဘူး။” လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) သတင်းတာဝန်ခံ ကိုသစ်တောက မောင်းကိုပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

ပိုက်ဆံအတု စက်ဖြင့် ကိုယ်တိုင်ထုတ် သုံးစွဲနေသည့် အမျိုးသမီး ကားဝယ်ရင်း ဖမ်းခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရေနစ်မြုပ်၊ လယ်ဧက (၃၀,၀၀၀)ကျော် ပျက်စီး၊ စာသင်ကျောင်း (၃၇) ကျောင်း ယာယီရပ်နားထားရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၈၀) ရေနစ်မြုပ်ပြီး လယ်ဧက (၃၀,၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရတဲ့အပြင် စာသင်ကျောင်း (၃၇)ကျောင်း ကျောင်းတက်မရဘဲ ယာယီကျောင်းပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘောပွဲအပြီး ပရိတ်သတ်ကိုပြန်ဆဲခဲ့တဲ့ မြန်မာအသင်းခေါင်းဆောင် မောင်​မောင်လွင်ကို ပရိတ်သတ်တွေ ဝေဖန်နေကြ

မနေ့က ကစားခဲ့တဲ့ အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဖွင့်ပွဲစဥ်အပြီး ပရိတ်သတ်တွေကို ရိုင်းပြတဲ့အမူအရာနဲ့ ဆဲရေးတိုင်းထွာခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ရဲ့ လုပ်ရပ်အပေါ် ပရိတ်သတ်တွေက အပြင်းအထန် ဝေဖန်နေကြတယ်လို့ သိရပါတယ်။
Read More

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောများကြောင့် မြစ်ဘေးဝဲယာကျေးရွာများ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ် သတိထားနေရ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ကို ဆန်တက်နေတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဆက်တက်ဖို့ရှိနေတယ်လို့  Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံ သောင်းနှင့်ချီ မိုးထဲရေထဲ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် လမ်းတစ်လျှောက်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ အရပ်သားတွေ မိုးထဲရေထဲ တိမ်းရှောင်နေရကြောင်း သိရပါတယ်။
Read More

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီမှာ ဝတ်ပြုနေချိန် ငလျင်လှုပ်လို့ ပြိုကျပြီး လူအသေအပျောက်များ

မန္တလေးတိုင်း၊ ရွှေဘုန်းရှိန်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ကာ ပြိုကျပျက်စီးခဲ့မှုကြောင့် လူအသေအပျောက်များတယ်လို့ သိရပါတယ်။