မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးတွေမှု ရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။

သြဂုတ်လ ၂၀ ရက်၊ မနက်၉နာရီလောက်မှာ အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ ခမရ (၅၈၈)၊ ခလရ (၁၀၆)နဲ့ အမတ (၃၁၇) တို့က စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့သလို အဲဒီနေ့ ညနေပိုင်းမှာလည်း ဒုတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ၁ယောက် သေဆုံးကာ အများအပြား ထိမှန်ဒဏ်ရာရခဲ့သလို KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) က ရဲဘော်တစ်ယောက်လည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။


“ရန်သူ့အင်အားက ၁၅၀ လောက်ရှိတယ်။ ရန်သူဘက်က တစ်ယောက်သေဆုံးခဲ့တယ်။ သူက တိုက်ပွဲမှာ ကျားထိုးပြီး တက်လာတဲ့အတွက်ကြောင့် ကျမတို့ဘက်က ခုခံပစ်ခတ်တဲ့အခါမှာ သေဆုံးခဲ့တာကို မျက်မြင် အတည်ပြုနိုင်ခဲ့တယ်။ နောက်ပြီးတော့ အဲဒီတိုက်ပွဲမှာပဲ ၄/၅ ယောက်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေလား၊ သေဆုံးခဲ့လား ဆိုတာကို ကျမတို့ ဆက်လက်အတည်ပြုနေဆဲပါ” လို့ MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် အကြမ်းဖက် စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) နဲ့ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ် ပကဖ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်များထဲမှ MA1 သေနတ် (၅) လက်ကို တိုက်နယ် ပကဖများထံ ဂုဏ်ပြုပေးအပ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တိုက်ပွဲအတွင်း သိမ်းဆည်းရရှိတဲ့ လက်နက်တွေထဲက MA1 သေနတ် (၅)လက်ကို တိုက်နယ် ပကဖ တွေဆီ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရ

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူက စစ်သား၂ ယောက် Southern YSO PDF ထံ လက်နက်နဲ့တကွ တပြိုင်တည်းအလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးတွင် စစ်ကြောင်းဝင်မီးရှို့သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့၊ နှစ်ဖက်ထိခိုက်မှုများပြီး စစ်ကောင်စီက ရွာများကိုဆက်လက်မီးရှို့နေ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲကို မီးဝင်ရှို့တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။