ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ သုံးခွမြို့အနီးကို ဗဟိုပြုပြီး သြဂုတ်လ ၂၀ ရက် မနေ့ညပိုင်းမှာ ငလျင် ၃ကြိမ် လှုပ်ခတ်ခဲ့တာ နောက်ဆက်တွဲအဖြစ် ဒီနေ့မနက်ပိုင်းမှာလည်း မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၀ ရက် မနေ့ည ၇နာရီ ၁၆ မိနစ်အချိန်မှာ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီး၊ မြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅.၀ အဆင့် အင်အားအတော်အသင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် မနေ့ည ၁၀ နာရီ ၃၅ မိနစ်အချိန်မှာ သုံးခွမြို့အရှေ့တောင်ဘက် ၆၃ ကီလိုမီတာအကွာ၊ မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီးကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၂ အဆင့် အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို ည ၁၀ နာရီ ၄၉ မိနစ်အချိန်မှာလည်း ၄.၁ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။

အဲ့လို ငလျင် ၃ကြိမ် လှုပ်ခတ်ခဲ့ပြီးနောက် ဒီနေ့ သြဂုတ်လ ၂၁ရက် မနက် ၉နာရီ ၂၀ မိနစ်အချိန်မှာလည်း သုံးခွမြို့ရဲ့ တောင်-အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေ သိသိသာသာ ခံစားလိုက်ရပြီး အထပ်မြင့်တိုက်တွေပေါ်ကနေ ထိတ်လန့်တကြား ပြေးဆင်းခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့ပေါ်က လူနေရပ်ကွက်ပေါ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှု အချို့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် “တစ်ခုတည်းသော ဗဟိုကွပ်ကဲမှု” အောက်တွင် စုစည်းရန် KIO နှင့် NUG ခေါင်းဆောင်များ တိုက်တွန်း

စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုအားလုံး တစ်ခုတည်းသော ဗဟိုအမိန့်ပေးကွပ်ကဲမှုအောက်မှာ စုစည်းညီညွတ်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေက ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးမိန့်ခွန်းတွေက တဆင့်တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

တောင်ယာလုပ်ကိုင်သူများ အိပ်မောကျချိန် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲချ၊ အသက် ၃ နှစ် ကလေးငယ်အပါ ပြည်သူ ၈ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပွင့်ဖြူခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီက တောင်ယာလုပ်ကိုင်သူတွေစုနေတဲ့ ယာတဲအိမ်တွေကို စက်တပ်​လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် အရပ်သား ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
Read More

နတ်တောင်တာဝါတိုင်စခန်းကုန်းကို AA သိမ်းပိုက်၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီး ၂ စီးနှင့် ဒရုန်းများကို AA ပစ်ချ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နတ်တောင်တာဝါတိုင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပျု‌ခေါင်းဆောင် သီတာယုမွန်နောက်လိုက် ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ထဲက ပျုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သီတာယုမွန်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်မေ ၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ထနောင်းမြေစစ်ကြောင်းထံမှ သိရပါတယ်။
Read More

ရွှေဘို၊ မြင်းချင်းပျူစောထီးရွာက စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေပြီး ၁၀ ယောက်ကျော် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။