ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်နဲ့ တပူးထိုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ထားပါတယ်။

ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခဲ့တဲ့ သက်သေတွေကို PNLA ကင်းထောက်အဖွဲ့က ဒရုန်းနဲ့ မှတ်တမ်းဗီဒီယိုဖိုင် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်နဲ့ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက နောင်ထော်ဒေသအတွင်းရှိ နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင်ထော်ကယန်းပိုင်း၊ နောင်ဗို၊ တပူးထိုကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Video – PNLA News & Information Department

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်အတွင်း ရွာစဉ်ပတ်မီးရှို့နေသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၁၇ ဦးသေ၊ အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အင်အား ၁၈၀ ခန့်နဲ့ ရွာစဉ်ပတ်မီးရှို့နေတဲ့ အကြမ်းဖက်စစ် သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမှာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စံပယ်နံသာရွာအနီး ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၃ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ ထွက်လာတဲ့ စစ် ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အထူးလှုပ်ရှားတပ် – Special Regiment မှ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ် (ရုပ်/သံ)

အထူးလှုပ်ရှားတပ် - Special Regiment မှ မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကျေးရွာများ ဖျက်ဆီးနေသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၃ ဦး သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နင်းမိုင်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့သတင်းထုတ် ပြန်ပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ပူးလူးတူစခန်း မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပူးလူးတူစခန်းကို မတ်လ ၁၄ ရက်က KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၂ ယောက်သေခဲ့တယ်လို့ သိရပါတယ်။