ပြည်သူလူထုရဲ့ဆန္ဒ မပါဝင်ဘဲ အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပဖို့ရှိနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် (K.N.A) က ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့ စစ်ရာဇဝတ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်နေတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တယ်လို့ K.N.A က ယုံကြည်ထားပါတယ်။

ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီဟာ တပေါင်းတစည်းတည်း ဖြစ်တာကြောင့် ဒီမိုကရေစီမရှိဘဲ ရွေးကောက်ပွဲကျင်းပခွင့် မရှိသလို ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့ လူထုအစိုးရကသာလျှင် ရွေးကောက်ပွဲ ကျင်းပခွင့်ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု စတဲ့ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ ကယန်းအမျိုးသားတပ်မတော် (K.N.A) က တိုက်တွန်း တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူကို ဗဟိုပြု တော်လှန်လူထု လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်အခြေစိုက် တော်လှန်လူငယ်တွေက “'ပြည်သူကိုဗဟိုပြု တော်လှန်လူထု” ဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့တစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

မတ္တရာက ပြည်သူ့ရဲဘော်တွေကို စစ်သည်တော်ကျင့်ဝတ် လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ရဲဘော်တွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး လက်ကမ်းစာစောင်တွေ နဲ့ စစ် သည်တော်ကျင့်ဝတ် လက် ကမ်းစာစောင်များကို မနေ့က ပေးဝေခဲ့ တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ NUG က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီကင်းစင်အောင် လုပ်ပြီးရင် ဆက်စပ်နယ်မြေများကိုပါ ကူညီသွားမည်ဟု ချင်းညီနောင် ပြော

အာဏာသိမ်းစစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့ကို လက်မလွှတ်ရရေးအတွက် အသည်းအသန် ခုခံကာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတယ်လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဒီနေ့ ဇွန်လ ၁၈ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ထံက လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော်ကို သိမ်းဆည်းရရှိ

ကချင်ပြည်နယ် ပန်ဝါဒေသက  စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) -၁၀၀၂ တပ်ဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်မှုအပြီး လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

စစ်အာဏာရှင်ကို ခေါင်းဆောင်ပီသစွာ တွန်းလှန်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်ပေတ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အာဠာဝက မြို့ပြ ပြောက်ကျားတပ်ဖွဲ့  ခေါင်းဆောင် ကိုပေတ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ယောက် ကျဆုံးခဲ့ကြောင်း တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။