မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု အာဏာသိမ်းမှု အစကနေ ဒီနေ့အချိန်ထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း (၇၁၁၇) ယောက် ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်ကနေ ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၁ ရက် ဒီနေ့အထိ စစ်အုပ်စုကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း (၂၉၅၇၃) ယောက် ရှိခဲ့ကာ အဲဒီထဲက (၂၂၃၂၈) ယောက်က ထိန်းသိမ်းခံထားရဆဲ ဖြစ်သလို ထိန်းသိမ်းခံရသူတွေထဲက (၁၁၀၀၄) ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

AAPP ရဲ့ အချက်အလက်တွေအရ သြဂုတ်လ ၁ ရက်ကနေ သြဂုတ်လ ၂၁ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကြောင့် အမျိုးသား (၅၂) ယောက်၊ အမျိုးသမီး အယောက် (၃၀)၊ စုစုပေါင်း (၈၂)ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့သလို အဲဒီထဲမှာ ၁၈နှစ်အောက် ကလေးငယ် (၁၁) ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ 

(၈၂) ယောက် သေဆုံးတဲ့အထဲမှာ ကယားပြည်နယ်က သေဆုံးသူ ၂၆ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းက ၁၉ ယောက်နဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စု၊ ကျောက်ပြင်သာရွာကို တိုက်ပွဲမရှိဘဲ စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ သားအဖ ၂ ယောက်ဖြစ်တဲ့ ကိုသိန်းဇော်နဲ့ မောင်သက်ပိုင်ဇော် (ခ) မောင်ဇော်တို့ ဗုံးစထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မိတ္ထီလာမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ပြည်သူ ၁၇ ယောက်ကို တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းသွား

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အမှတ် ၁၂ ရပ်ကွက်က အမျိုးသား ၁၇ ယောက်ကို အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သန်းရဲ့ ဦးဆောင်မှုနဲ့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်၊ ပျူစောထီး ၃ ယောက်နဲ့ ရဲ ၁ ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ သာယာကုန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ပျူစောထီး ၄ ယောက်နဲ့ ရဲ ၁ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်းပေါ်မှာ လက်နက်ကိုင်တွေ အချင်းချင်း ညီညွတ်ကြဖို့ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း

လက်ရှိအချိန်မှာ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ဟာ အဓိက ရည်မှန်းချက်ဖြစ်တာကြောင့် လက်နက်ကိုင် တော်လှန်နေသူတွေအားလုံး အချင်းချင်းကူညီကြဖို့ကို KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက  တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

အဖိုးတန် ဂီတတွေ ချန်ရစ်ကာ နိုင်မြန်မာ နှုတ်ဆက်ခဲ့ပြီ

'ကမ္ဘာမကြေဘူး' သီချင်း ဖန်တီးရေးသားသူ တေးရေးနိုင်မြန်မာရဲ့ စျာပနကို ဒီနေ့ ဖေဖော်ဝါရီ ၉ရက်၊ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကလေးခရိုင် ပကဖ ရဲဘော်အတွက် ချီးမြှင့်ငွေ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် အခမ်းအနားနဲ့ ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ စစ်ရေးအရှိန် ပိုမိုမြှင့်တင် လုပ်ဆောင်လာနိုင်ဟုဆို

ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတဲ့ ပကဖ တပ်ဖွဲ့ဝင်တွေအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းက အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီဖြစ်တယ်လို့ ပကဖအသံ က သတင်းထုတ်ပြန်ပါတယ်။