ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ သုံးခွမြို့အနီးကို ဗဟိုပြုပြီး သြဂုတ်လ ၂၀ ရက် မနေ့ညပိုင်းမှာ ငလျင် ၃ကြိမ် လှုပ်ခတ်ခဲ့တာ နောက်ဆက်တွဲအဖြစ် ဒီနေ့မနက်ပိုင်းမှာလည်း မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၀ ရက် မနေ့ည ၇နာရီ ၁၆ မိနစ်အချိန်မှာ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီး၊ မြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅.၀ အဆင့် အင်အားအတော်အသင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် မနေ့ည ၁၀ နာရီ ၃၅ မိနစ်အချိန်မှာ သုံးခွမြို့အရှေ့တောင်ဘက် ၆၃ ကီလိုမီတာအကွာ၊ မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီးကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၂ အဆင့် အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို ည ၁၀ နာရီ ၄၉ မိနစ်အချိန်မှာလည်း ၄.၁ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။

အဲ့လို ငလျင် ၃ကြိမ် လှုပ်ခတ်ခဲ့ပြီးနောက် ဒီနေ့ သြဂုတ်လ ၂၁ရက် မနက် ၉နာရီ ၂၀ မိနစ်အချိန်မှာလည်း သုံးခွမြို့ရဲ့ တောင်-အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေ သိသိသာသာ ခံစားလိုက်ရပြီး အထပ်မြင့်တိုက်တွေပေါ်ကနေ ထိတ်လန့်တကြား ပြေးဆင်းခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Tiger Dragon Revolution Force ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှု စစ်ဆေးမှုပုံရိပ်များ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF တပ်ရင်း - P29909 ၊ တပ်ခွဲ(၃) Tiger Dragon Revolution Force မိုင်းထုတ်လုပ်ဖောက်ခွဲရေးနဲ့ တိုက်ခိုက်ရေးတပ်ခွဲ၊ တပ်ခွဲမှူးက အပတ်စဉ် တနင်္လာနေ့တိုင်း တပ်ခွဲရှိ ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှုစစ်ဆေးခြင်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ခွဲက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မှော်ဘီ ကြံ့ခိုင်ရေးရုံး လက်ပစ်ဗုံးပစ်ခတ်ခံရပြီး လုံခြုံရေးယူပေးနေသည့် စစ်သား ၂ ဦး ဒဏ်ရာပြင်းထန်နေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ကြံ့ခိုင်ရေးပါတီရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်မှုမှာ လုံခြုံရေးယူပေးနေတဲ့ စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ ပြင်းထန်ထားကြောင်း လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်နှင့် ပခုက္ကူတွင် ကျေးရွာများကို စစ်တပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ရက်သတ္တပတ်အတော်ကြာ လှည့်လည်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

သီပေါမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီ လေယာဥ်နဲ့ ဗုံးအလုံး (၆၀) ကျော် ကြဲချလို့ သီလရှင်တစ်ပါး ပျံလွန်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး(၆၀)ကျော် ကြဲချခဲ့ရာ သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဖေဖော်ဝါရီ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။