ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

သြဂုတ်လ ၂၀ ရက် မနေ့ည ၇နာရီဝန်းကျင်မှာ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်သားတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြို့ကိုးပင်ရွာ၊ ကိုင်းကြီးရွာနဲ့ သရင်းကုန်းကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုလို စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သရင်းကုန်းကျေးရွာက ဦးမင်းဇော်ဦး (၄၇နှစ်) နဲ့ ဒေါ်မော် (၄၉နှစ်) တို့ သေဆုံးခဲ့ပြီး ကျေးရွာအတွင်း နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“သေသွားတဲ့ ၂ ယောက်က လင်မယားတွေ၊ ယောက်ျားဖြစ်သူကတော့ ပွဲချင်းပြီးပဲ… မိန်းမကလည်း ဒဏ်ရာ ပြင်းထန်တာ၊ ဆေးရုံးပို့ရင်း လမ်းမှာ ဆုံးတာပဲ။ ၆ တန်းအရွယ် သမီးလေးနဲ့ ၁၂ တန်းအရွယ် သား သူတို့ ၂ ယောက်ပဲ ကျန်ခဲ့တယ်” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အလားတူ ဩဂုတ်လ ၁၉ ရက်၊ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီး ၄ စီးဟာ ပေါက်ခေါင်းမြို့နယ်၊ ကျောက်ပြင်သာရွာနဲ့ ဖလန်ပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဦးသိန်းဇော် (၃၈) နှစ်နဲ့ မောင်သက်ပိုင်ဇော် (၁၀) နှစ်တို့ သားအဖ ၂ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။
Read More

စစ်အုပ်စုအတွက် စစ်မှု‌ထမ်းကြေး ကောက်ခံပေးသည့် ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးအုပ်စုမှာ အကြမ်းဖက်စစ်‌ကော်မရှင်တပ်သား‌တွေအတွက် စစ်မှုထမ်းကြေး ကောက်ခံပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadowက မောင်းကို ပြောပါတယ်။
Read More

မြဝတီ ခလရ ၂၇၅ မှ ထွက်ပြေးအလင်းဝင်လာသူ ၃ ဦး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိဟု ဗျူဟာ ၃၁ ပြော

ကရင်ပြည်နယ်၊ တောင်ပိုင်တိုင်းစစ်ဒေသ၊ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲထံ အလင်းဝင်လာတဲ့ မြဝတီအခြေစိုက် ခလရ ၂၇၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်သွားဖို့ ဆန္ဒရှိကြောင်း ဗျူဟာ (၃၁) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရောက်ရာအရပ်မှာ အပစ်ရပ်မယ်၊ စစ်ကောင်စီလည်း ဝေဟင်မြေပြင် ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းဖို့ MNDAA ထုတ်ပြန်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ စွဲကိုင်ထားတယ်လို့ MNDAA ဆို

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အနေနဲ့ ရောက်ရာအရပ်မှာ အပစ်ရပ်မှာဖြစ်ပေမယ့် စစ်ကောင်စီကလည်း မြန်မာနိုင်ငံနေရာအနှံ့က ဝေဟင်နဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းပေးရမယ်လို့ ပြည်တွင်းစစ်ရေးပဋိပက္ခ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ MNDAA က ဖော်ပြထားပါတယ်။
Read More

ဟိုယတွင် MNDAA နှင့် အာဏာသိမ်းစစ်တပ် အခြေအနေ တင်းမာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်အနီး ဟိုဟမှာ MNDAA တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေတို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သေနတ်ပစ်ဖောက်မှုတွေရှိခဲ့ပြီး နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပေါင်းတည်မှာ စစ်မှုထမ်းရန် လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်တိုက်နယ်၊ ရွာသစ်ကြီးအုပ်စု၊ မြွေကြီးတွင်းရွာမှာ နေထိုင်တဲ့ အုပ်စုအုပ်ချုပ်ရေးမှူး အမျိုးသားကို ရှင်းလင်းလိုက်တယ်လို့ ၃၆၀၁ PPDF တပ်ရင်းကနေ သိရပါတယ်။  ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှာ အဆိုပါ အုပ်ချုပ်ရေးမှူး နေထိုင်ရာ နေအိမ်အထိ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။