စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူခေါင်းဆောင် အဲပန် ဦးစီးတဲ့ အကြမ်းဖက်စစ်တပ် အခြေချနေထိုင်တဲ့ ထော်သာရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို မော်လိုက်ခရိုင် တပ်ရင်း (၂၊ ၄) နဲ့ ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က မော်လိုက်မြို့နယ် ပကဖ ရဲ့ ထောက်ပို့ပါဝင်မှုနဲ့အတူ ဩဂုတ်လ (၁၅) ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထော်သာရွာစခန်း သိမ်းပိုက်နေချိန်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ဖလက်ခွံတွေအပေါ်  အကြမ်းဖက်စစ်တပ်က အင်အား (၁၃၀) ခန့်နဲ့ တောင်းအင်ရွာက အင်အား (၅၀) ခန့်ဟာ စစ်ကူပေးဖို့ အင်းတပေါင်းရွာကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့‌ပေမယ့် တော်လှန်ရေးတပ်တွေက ထော်သာရွာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဆီက ၆၀ မမ ပြောင်းနဲ့ RPG အပါ လက်နက် (၂၃) လက်၊ ခဲယမ်းအချို့နှဲ့ ငွေကျပ် သိန်း (၁၅၀) ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က အလောင်း (၃) လောင်း ရရှိပြီး (၉) ​ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို ပျူစောထီး ခေါင်းဆာင် အဲပန် အပါအဝင် ပျူစောထီးတွေရဲ့ မိသားစုဝင် (၁၉၀) ခန့်ပို ဖမ်းဆီးရမိပြီး ပျူစောထီးအဖွဲ့ဝင် (၂၀) ခန့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အမှတ် ၁ စစ်ဒေသက ဆိုပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း တံတားဦးလေတပ်က တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ Yak-130 (၁) စီးနဲ့ ဗုံး (၂) လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ရေယာဉ်တွေပေါ်ကလည်း ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်ခရိုင် ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ တပ်ကြပ်ကြီးအပါ ၃ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရာဖူးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စု သေဆုံးမှုတွေရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဝမ်းတွင်းက စစ်မှုထမ်း အလိုရှိစာရင်းထဲ သံဃာတော်တွေ ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 
Read More

ကြံ့ခိုင်ရေး မဲဆွယ်ဆိုင်းဘုတ် ဆုတ်ဖြဲသူအပါ ၇ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး၊ ရွေးကောက်ပွဲအတု နှောင့်ယှက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၉၅ ဦး ရှိပြီ

အာဏာသိမ်းစစ်ကော်မရှင်က သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ ၇ ယောက်ကို ထပ်မံ ဖမ်းဆီးတရားစွဲဆိုထားကြောင်း မနေ့ညက ထုတ်ပြန်လိုက်ပြီး အခုဆိုရင် ရွေးကောက်ပွဲအတုကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးခံထားရသူ ၉၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
Read More

ဗန်းမောက်တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများစွာ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားတွေကို မြို့အတွင်းဓားစာခံအဖြစ် ပိတ်ထာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၄ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။