စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုသတ်ဖြတ်ခံရသူတွေထဲမှာ ထိန်တောရွာနေ အသက် ၈၀ ကျော်အရွယ် လေဖြတ်နေတဲ့ အဘွား ၁ယောက်လည်း ပါဝင်ပြီး စစ်အုပ်စုက ရက်ရက်စက်စက် မုဒိန်းကျင့်သတ်ဖြတ်ထားခဲ့တာ ဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ကန့်ဘလူမြို့တောက်ဘက်ခြမ်း၊ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်တွေမှာရှိတဲ့ ကျေးရွာတွေဆီ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က စလို့ အကြမ်းဖက်စစ်အုပ်စုတွေက  အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့သိရပါတယ်။

စစ်အုပ်စုတွေထဲ အမှတ်-၆၀၀၆ တင့်ကားတပ်ရင်းက စစ်ကော်မရှင်တပ်သားတွေနဲ့ ဝါသဝ လက်ပါးစေ ပျူစောထီးတွေ ပါဝင်ပြီး ငါတို့ပျူစောထီးရွာကတဆင့် အင်အားတွေပေါင်းကာ စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ထိန်တော၊ ကိုင်းရိုး၊ အင်္ဂါထောင့်၊ သရက်တောနဲ့ ကျေးပင်အက်ကျေးရွာတွေကို သြဂုတ်လ ၁၆ ရက်ကနေ ၂၀ ရက်အထိ ဝင်ရောက်ခဲ့တာဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းခိုးယူတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာနဲ့ မုဒိန်းကျင့်လူသတ်တာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ကြောင်းနဲ့တိုးတဲ့ ရွာသစ်ရွာနေ ကိုဇော်ဦး၊ ရီး‌ဒွေးရွာနေ ဖိုးတရုတ်နဲ့ ထိန်တောရွာနေ အမျိုးသား၂ ယောက်ဟာလည်း သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ထိန်တောရွာအတွင်း ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်ဘက်တွင် အဓိကလှုပ်ရှားသည့် ဝါသဝနှင့် အကြမ်းဖက်ပျူစောထီးများ

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ရဲ့ ပြောပြချက်အရ အကြမ်းဖက်စစ်အုပ်စုတွေဟာ ကန့်ဘလူနယ်အတွင်း စစ်ကြောင်းထိုးရာမှာ တောလမ်းအတိုင်း မထိုးရဲတာကြောင့် အရပ်သားကျေးရွာတွေကိုပဲ အဓိက ပစ်မှတ်ထားနေတာဖြစ်ကြောင်း၊ ရွာခံ အရပ်သားတွေကို PDF အကြောင်းပြ သတ်ဖြတ်တာ၊ ပစ္စည်းခိုးယူမွှေနှောက်ရင်း အမှုမပေါ်အောင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးပစ်တာနဲ့ သက်ကြီးရွယ်အိုတွေပါမချန် မုဒိန်းကျင့်သတ်ဖြတ်နေတာတွေကို ရက်ရက်စက်စက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

“အဲ့ရွာတွေက ပျူရွာအထိုင်တွေနဲ့လည်း နီးပါတယ်။ နယ်မြေစိုးမိုးမှု ရချင်တာလည်း ပါတာပေါ့။ ပြည်သူကို ပြည်သူလို မမြင်ကြပါဘူး” လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေလည်း ရှိနေပြီး တော်လှန်ရေးတပ်တွေဘက်ကတော့ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

လက်ရှိမှာလည်း အကြမ်းဖက်စစ်ကြောင်းဟာ ကျေးအက်ပင်ရွာအတွင်း တပ်စွဲနေပြီး အဆိုပါစစ်ကြောင်းကြောင့် ရွာမရွာသစ်၊ အင်းလယ်ကြီး၊ ဉာဏ်အင်း၊ ထိန်တော၊ ကိုင်းရိုး၊ အင်္ဂါထောင့်၊ သရက်တာနဲ့ ကျေးပင်အက်ရွာတွေက အရပ်သား ၁ သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တွေ – ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲတွင်  အေအေ တပ်ရင်းမှူး ၁ ဦး ကျဆုံး

ရခိုင်ပြည် စစ်တွေ - ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) တပ်ရင်းမှူး ၁ ယောက်ကျဆုံးခဲ့တယ် လို့ ရခိုင်ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
Read More

မဟာဗျူဟာကျတဲ့ လမ်းကြောင်း ၁၅ ခု အပါအဝင် တစ်နိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

နိုင်ငံတစ်ဝန်း မဟာဗျူဟာကျပြီး အရေးပါတဲ့  ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း ၁၅ ခုလောက်ကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

အင်မထီးရွာ ပျူစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ ပျူစောထီးစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံပြည်သူ သောင်းနှင့်ချီ တိမ်ရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး  မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာပေါင်း ၄၀ နီးပါးက သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ရှောင်ထွက်ပြေးရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စစ်ကိုင်းတွင် ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ကန်တလူရွာအနီး ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူတွေနဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ Generation Z Power က သတင်းထုတ်ပြန်ပါတယ်။