စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းအပါဝင် ကျောက္ကာ-ဗောဓိလမ်းပိုင်းတွေမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကြောင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်ကစလို့ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ စီးပွားရေးတက္ကသိုလ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေဟာ အထက်ပါမုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းအပါအဝင် ကျောက္ကာ-ဗောဓိလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။

စစ်အုပ်စုစစ်ကြောင်းတွေဟာ မုံရွာမြို့နယ်အပါအဝင် အရာတော်မြို့နယ်အတွင်းကထွက်လာတာတွေလည်းရှိပြီး တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၈ ရက် ညပိုင်းနဲ့ ၁၉ ရက်မှာလည်း အကြမ်းဖက်စစ်တပ်က ကျောက္ကာတောင်ရွာနဲ့ ညောင်ပင်ရွာသစ်တို့ကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း မုံရွာပကဖတာဝန်ခံက ပြောပါတယ်။

” ၁၈ ရက်နေ့ညက ကျောက္ကာတောင်ရွာကို စ ရှို့တယ်။ မနက်ပိုင်းမှာလည်းထပ်ရှို့ တယ်။ ပြီးတော့ ခြေလျင်အတိုင်း ကျောက္ကာတောင် ဆည်ဘောင်ဘက်ကနေ ညောင်ပင်ရွာသစ်ကို တက်ပြီး ညောင်ပင်ရွာသစ်ကို ထပ်ရှို့ပါတယ်။” လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် မုံရွာ​မြို့တောင်ဘက်မှာရှိတဲ့ မုံရွာ-အမြင့်လမ်းပိုင်းက မအူဂိတ်ကိုလည်း အကြမ်းဖက်စစ်တပ်ကစစ်အင်အားဖြည့်တင်းထားပြီး စစ်ကြောင်းထိုးနိုင်ခြေရှိတာကြောင့် သြဂုတ်လ ၁၉ ရက် ညနေပိုင်းကစလို့ လမ်းပိတ်ထားကြောင်းနဲ့ လမ်းပိုင်းအသုံးပြုရမယ့်အချိန်တွေကို အသိပေးသွားမယ်လို့လည်း မုံရွာပကဖက ထုတ်ပြန်ပါတယ်။

မုံရွာ ကျောက္ကာလမ်းပိုင်းအတွင်းစစ်ရေးဖော်ဆောင်နေသည့် မုံရွာပကဖတပ်ဖွဲ့ဝင်များ

“ဒီကြားထဲ ထိတွေ့ဖြစ်တာတွေတော့ ရှိပေမယ့် စစ်ကြောင်း ငြိမ်မှပဲ သတင်း ထုတ်ပြန်ပါ့မယ်။ အခုလက်ရှိ တော့ စစ်ကြောင်းပြန်ဆုတ်တဲ့ အနေအထားရှိပါတယ်။ ဒါပေမယ့် အကုန်လုံးလား တပိုင်းတစလားတော့ အတည်ပြုလို့မရသေးပါဘူး။ စခတွေက ဒီမနက်ကိုပဲ ကားတန်းနဲ့ ရွာတွေကနေ ခိုးထားတဲ့ ပစ္စည်းတွေ တင်ပြီး မြို့ထဲ ပြန်ဝင်သွားပါတယ်။” လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ပစခေါ် စစ်မှုထမ်းအင်အားတွေ အသုံးပြုရင်း အထက်ပါလမ်းပိုင်းတွေဆီကို စစ်ကြောင်းတွေအလုံးအရင်းနဲ့ ဝင်ရောက်နေသလို လက်နက်ကြီးပစ်တာ၊ ပါရာမော်တာနဲ့လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၉ ရက် မနေ့က ညပိုင်းမှာလည်း ကျောက်ဆစ်ပုံ အမြောက်တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ပမဲတောကျေးရွာနေအရပ်သားတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းတွေမှာ မုံရွာနမခအခြေစိုက် တပ်သားတွေအပြင် စစ်မှုထမ်းတပ်သားအများအပြား ပါဝင်နေပြီး ထိခိုက်သေဆုံးမှုတွေလည်း အများအပြား ရှိတယ်လို့ မုံရွာပကဖက ပြောပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ရာမညမွန်တပ်တော် RMA နှင့် မွန်လွတ်မြောက်ရေးတပ်တော် MLF ပေါင်းစည်း

စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းနိုင်ဖို့အတွက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ကြောင်း အဆိုပါအဖွဲ့တွေက ပူးတွဲထုတ်ပြန်ပါတယ်။
Read More

NUG စစ်ဥပဒေချုပ်က မန္တလေးခရိုင် တပ်ရင်း‌ ၆ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊  စစ်ဥပဒေချုပ်၊ ဦးကျော်စိုးလင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း‌ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။
Read More

စေတုတ္တရာတွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါဝင်သူ၊ ကူညီသူ၊ စည်းရုံးသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပကဖ သတိပေး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ပါဝင်စည်းရုံးလှုံ့ဆော်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း (၉၀၁)ထံ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး သေနတ် ၁ လက်၊ ခဲယမ်းများနှင့် အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် (၉၀၁) ထံ စစ်မှုထမ်းအပတ်စဥ် ၂ သင်တန်းဆင်း စစ်သား ၂ ယောက် သေနတ် ၁ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။