ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၉ ရက် မနေ့က မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီး ၄ စီးဟာ ပေါက်ခေါင်းမြို့နယ်၊ ကျောက်ပြင်သာရွာနဲ့ ဖလန်ပင်ရွာကို တိုက်ပွဲမဖြစ်ပွားဘဲ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကျောင်ပြင်ကျေးရွာမှာ ဒေသခံ အမျိုးသား ၂ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရရှိသွားတယ်လို့ သိရပါတယ်။

“သေသွားတဲ့ ၂ ဦးက သားအဖတွေ၊ ၄ဦး ထိခိုက်တာမှာလည်း ၁ဦးက တော်တော်ပြင်းပါတယ်… လူတွေကတော့ ကြောက်နေကြရတာပေါ့ဗျာ” လို့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဗုံးကြဲချမှုကြောင့် သေဆုံးခဲ့ရတဲ့ သားအဖ ၂ ယောက်ဟာ အသက် (၃၈)နှစ်နဲ့ (၁၀)နှစ်အရွယ်တို့ဖြစ်‌ပြီး အဲဒီညနေပိုင်းမှာပဲ သဂြိုလ်ခဲ့တယ်လို့ ကနဦးသိရပါတယ်။

ကျောက်ပြင်ကျေးရွာနည်းတူ ဗုံးကြဲခံခဲ့ရတဲ့ ဖလန်ပင်ကျေးရွာမှာတော့ နေအိမ်တချို့ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို ကာကွယ်နေမည့်အစား လက်နက်ချအလင်းဝင်ကြရန် KNLA သတိပေးတိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နေမယ့်အစား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ထံ အလင်းဝင်ကြဖို့ KNLA ဌာနချုပ်က သတိပေးတိုက်တွန်းလိုက်ပါတယ်။
Read More

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ အဘွားဖြစ်သူကို ဂါရဝပြုခဲ့တဲ့ ကင်အဲရစ် (ခ) ကိုထိန်လင်း

လွတ်လပ်ရေးဖခင်လို့ အများက တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (ခ) ထိန်လင်းက ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ  အဆုံးတိုင် ချီတက်သွားမည်ဟု NUG အစိုးရ ဆို

စစ်အာဏာရှင်စနစ် နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ တိုင်းရင်းသားညီနောင်တွေ တော်လှန်ရေး အင်အားစုတွေနဲ့ အတူ လက်တွဲပြီး အဆုံးတိုင် ချီတက်သွားမယ်လို့ သန္နိဋ္ဌာန်ပြုလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ဝမ်းတွင်း စစ်တပ်မှ တပ်ကြပ် ၁ ဦးနှင့် စလင်းအခြေစိုက် ခလရ ၂၅၃ မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်က တပ်ကြပ် ၁ ယောက်နဲ့ ခလရ ၂၅၃ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မြို့သိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံတွေ AA ထုတ်ပြန်လာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် အာရက္ခတပ်တော် AA က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာနဲ့ တပ်စခန်းတွေ ရှေ့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
Read More

ပုလဲမြို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့ (CDF) ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ လဝကရုံးကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။