မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရှောက်ပင်ရိုးကျေးရွာကို အကြမ်းဖက်စစ်တပ် လေ​ကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၆ ယောက် သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတွေက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၁၉ ရက်၊ မနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာက ရှောက်ပင်ရိုး​ကျေးရွာမှာရှိတဲ့ 147 KTV ပေါ်ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

“၁၉ရက်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်လောက်မှာ ရှောက်ပင်ရိုးရွာက 147 KTVကို တံတားဦးတက် YAK 130 JF နဲ့ လေကြောင်းတိုက်သွားတာပါ။ အရပ်သား ၆ ယောက် သေပြီး ထိခိုက်ဒဏ်ရာရတဲ့သူများပါတယ်။ အဆောက်အဦး ၃ လုံးလည်း ပျက် စီးပါတယ်” လို့ စဉ့်ကူးဒေသခံ ၁ ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂၀ ရက် ဒီနေ့မှာလည်း စဉ့်ကူးနယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်ခံရသည့် ရှောက်ပင်ရိုးရွာမြင်ကွင်း
လေကြောင်းတိုက်ခိုက်ခံရသည့် ရှောက်ပင်ရိုးရွာမြင်ကွင်း

အကြမ်းဖက်စစ်တပ်အနေနဲ့ လက်ရှိ နှစ်ပတ်တာကာလအတွင်းမှာပဲ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော် လုပ်ဆောင်ထားပြီး သက်ကြီးရွယ်အို ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၈၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၆၀ ကျော်အထိရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အခုနှစ်အတွင်း မန္တလေးတိုင်းထဲက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တို့မှာ အစုအပြုံလိုက် သေဆုံးမှုတွေအပါအဝင် အရပ်သား ရာနဲ့ချီ သေဆုံးထားတယ်လို့လည်း သိရပါတယ်။

အဆိုပါမြို့နယ်တွေထဲ စစ်အုပ်စု လက်လွှတ်ထားရတဲ့ မြို့နယ်တွေပါဝင်သလို စစ်ရေးတင်းမာနေတဲ့ မြို့တွေလည်း ပါဝင်နေတာကြောင့် နယ်မြေစိုးမိုးမှုပြန်လည်ရရှိဖို့ အကြမ်းဖက်စစ်တပ်က မြေပြင်ရော ဝေဟင်ကပါ ဆိုးဆိုးရွားရွား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရသည့် ရှောက်ပင်ရိုးရွာမြင်ကွင်း
0 Shares:
You May Also Like
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းက လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာ သင်တန်းပေးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းအနေနဲ့ လှုပ်ရှားနယ်မြေအတွင်းက ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာပေး သင်တန်းပြုလုပ်ကာ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းမြို့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၉ နှစ်နှင့် ၂၀ နှစ်အရွယ် တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈ တပ်ရင်း)က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ စစ်ကောင်စီအထိုင်စခန်းကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျွန်းစုမြို့နယ်ရှိ ပျုစောထီးစခန်း တိုက်ခိုက်ခံရပြီး ပျုတစ်ဦး သေဆုံးကာ လက်နက်တစ်လက် သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ထဲ က ပျုစောထီးစခန်း တိုက်ခိုက်ခံရတဲ့ အတွက်သေဆုံးသူတွေ ရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။
Read More

မြင်းခြံတွင်  စစ်အုပ်စု အထိုင်ဂိတ် ပြောက်ကျားတိုက်ခိုက်ခံရပြီး ၄ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က စစ်ကောင်စီအထိုင်ဂိတ်ကို ပြောက်ကျားပုံစံ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၄ယောက်သေဆုံးခဲ့ကြောင်း Myimgyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။