ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ခို အောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၉ ရက် မနေ့ နေ့လယ်ပိုင်းက ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ် တောင်းမြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းရှိ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၇၊ ပဲခူးခရိုင် ပကဖနဲ့ ကဝမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Bago District People’s Defense Organization

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က နေ့ခင်းကြောင်တောင် အတင်းအဓမ္မ စစ်သားစုဆောင်းနေ (ရုပ်/သံ)

စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး အကြမ်းဖက်စစ်တပ်က မြို့ရွာတွေပေါ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာပါတယ်။
Read More

ပလိုင်းပျူစောထီးစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၅ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းပျူစောထီးစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၈ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပန်းဘဲတန်းမြို့နယ် PPP ကိုယ်စားလှယ်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ နာမည်ကြီးအကနဲ့ ကပြမဲဆွယ် (ရုပ်/သံ)

''ဒီလို ကျပ်မပြည့်တဲ့ကောင်တွေက လွှတ်တော်အမတ်ဖြစ်ချင်နေတာက ‌ေ‌-ာက်ပြဿနာ၊ ဒီလိုအခြေနေမျိုးမှာ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူရဲ့ ဆဲဆိုသံ လှောင်ပြောင်သံတွေကို မသိကြတာလား …. တိုင်းပြည်အရေးထက် ခေတ်ပျက်မှာ အချောင်အမတ်ဖြစ်မလားဆိုပြီး ဝင်ပြိုင်နေကြသူတွေချည်းပဲ'' လို့ Facebook သုံးစွဲသူတွေက မှတ်ချက်ပြုရေးသားထားပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်ရှိ ပျူခေါင်းဆောင် နေလင်းနဲ့ အဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ပေါ်မှ ပျူခေါင်းဆောင် နေလင်းခ(ရဲဘော်ကြီးနဲ့ အပေါင်းအပါတွေ စီးနင်း လာတဲ့ ယာဉ်ကို ဧပြီ ၂၀ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမှာ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာခန့်ပါသွား (ရုပ်/သံ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆x၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီ‌ရွှေဆိုင်မှာ လက်နက်ကိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စေတုတ္တရာမြို့နယ် ၁၈ မိုင်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ရုပ်သံ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထုတ်ပြန်

မကွေးတိုင်း စေတုတ္တရာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၁၈ မိုင်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပခုက္ကူခရိုင် တပ်ရင်း-၁၅မှ ယနေ့ ဧပြီ ၁၂ ရက်က ထုတ်ပြန်လိုက်ပါ တယ်။