စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုသတ်ဖြတ်ခံရသူတွေထဲမှာ ထိန်တောရွာနေ အသက် ၈၀ ကျော်အရွယ် လေဖြတ်နေတဲ့ အဘွား ၁ယောက်လည်း ပါဝင်ပြီး စစ်အုပ်စုက ရက်ရက်စက်စက် မုဒိန်းကျင့်သတ်ဖြတ်ထားခဲ့တာ ဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ကန့်ဘလူမြို့တောက်ဘက်ခြမ်း၊ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်တွေမှာရှိတဲ့ ကျေးရွာတွေဆီ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က စလို့ အကြမ်းဖက်စစ်အုပ်စုတွေက  အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့သိရပါတယ်။

စစ်အုပ်စုတွေထဲ အမှတ်-၆၀၀၆ တင့်ကားတပ်ရင်းက စစ်ကော်မရှင်တပ်သားတွေနဲ့ ဝါသဝ လက်ပါးစေ ပျူစောထီးတွေ ပါဝင်ပြီး ငါတို့ပျူစောထီးရွာကတဆင့် အင်အားတွေပေါင်းကာ စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ထိန်တော၊ ကိုင်းရိုး၊ အင်္ဂါထောင့်၊ သရက်တောနဲ့ ကျေးပင်အက်ကျေးရွာတွေကို သြဂုတ်လ ၁၆ ရက်ကနေ ၂၀ ရက်အထိ ဝင်ရောက်ခဲ့တာဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းခိုးယူတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာနဲ့ မုဒိန်းကျင့်လူသတ်တာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ကြောင်းနဲ့တိုးတဲ့ ရွာသစ်ရွာနေ ကိုဇော်ဦး၊ ရီး‌ဒွေးရွာနေ ဖိုးတရုတ်နဲ့ ထိန်တောရွာနေ အမျိုးသား၂ ယောက်ဟာလည်း သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ထိန်တောရွာအတွင်း ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်ဘက်တွင် အဓိကလှုပ်ရှားသည့် ဝါသဝနှင့် အကြမ်းဖက်ပျူစောထီးများ

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ရဲ့ ပြောပြချက်အရ အကြမ်းဖက်စစ်အုပ်စုတွေဟာ ကန့်ဘလူနယ်အတွင်း စစ်ကြောင်းထိုးရာမှာ တောလမ်းအတိုင်း မထိုးရဲတာကြောင့် အရပ်သားကျေးရွာတွေကိုပဲ အဓိက ပစ်မှတ်ထားနေတာဖြစ်ကြောင်း၊ ရွာခံ အရပ်သားတွေကို PDF အကြောင်းပြ သတ်ဖြတ်တာ၊ ပစ္စည်းခိုးယူမွှေနှောက်ရင်း အမှုမပေါ်အောင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးပစ်တာနဲ့ သက်ကြီးရွယ်အိုတွေပါမချန် မုဒိန်းကျင့်သတ်ဖြတ်နေတာတွေကို ရက်ရက်စက်စက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

“အဲ့ရွာတွေက ပျူရွာအထိုင်တွေနဲ့လည်း နီးပါတယ်။ နယ်မြေစိုးမိုးမှု ရချင်တာလည်း ပါတာပေါ့။ ပြည်သူကို ပြည်သူလို မမြင်ကြပါဘူး” လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေလည်း ရှိနေပြီး တော်လှန်ရေးတပ်တွေဘက်ကတော့ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

လက်ရှိမှာလည်း အကြမ်းဖက်စစ်ကြောင်းဟာ ကျေးအက်ပင်ရွာအတွင်း တပ်စွဲနေပြီး အဆိုပါစစ်ကြောင်းကြောင့် ရွာမရွာသစ်၊ အင်းလယ်ကြီး၊ ဉာဏ်အင်း၊ ထိန်တော၊ ကိုင်းရိုး၊ အင်္ဂါထောင့်၊ သရက်တာနဲ့ ကျေးပင်အက်ရွာတွေက အရပ်သား ၁ သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကုတ်မှာ တာဝန်ကျတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီးနဲ့ တပ်သား လက်နက်ခဲယမ်းတွေယူပြီး PDF ဆီ ထွက်ပြေးခိုလှုံံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ တာဝန်ကျနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီး၁ယောက်နဲ့ တပ်သားဖြစ်သူတို့ သရက်ခရိုင် အမှတ် ၄တပ်ရင်းထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ထိုက်သင့်တဲ့ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ တပ်ရင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။​
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ကျောက်လုံးကြီးစခန်းရှေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၃‌ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung (တောင်ငူခရိုင်၊ တပ်မဟာ(၂) တပ်ရင်း(၅) လက်အောက်ခံ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုဂံမြို့သစ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်းကောက်နေစဉ် ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ် အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ (ခ) နိုင်နိုင်ထွန်းဆိုသူဟာ သန်းခေါင်စာရင်းကောက်နေချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရွာငံမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ၊ လက်နက်တစ်လက်သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ‌ဆုံးသူတွေရှိတယ်လို့ DANU STATE NATIONAL DEFENCE ARMY တပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ‌အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီလောက်မှာ ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး၊ စစ်ကော်မရှင်တပ်ဘက်က ၂ ဦးသေဆုံး ၁ ဦးထိမှန်ဒဏ်ရာရကာ MA -1 တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ် ။
Read More

နိုင်ကျဉ်းဟောင်း LGBT စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်

နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ LGBT စာရေးဆရာမ  စောဟန်နွေဦးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းမှာ ဆေးကုသမှုခံယူရင်း ဒီနေ့မနက်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။