နိုင်ငံတဝန်း ဩဂုတ်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်နဲ့ ​စစ်သုံ့ပန်း ၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၈ ရက်ကနေ ၁၄ ရက်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ စစ်သား ၁၃ ယောက်နဲ့ ပြည်သူ့စစ် ၁ ယောက် အလင်းဝင်ခဲ့တာဖြစ်ပြီး ပဲခူးတိုင်းက ၉ ယောက်နဲ့ အများဆုံး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၁၃ ယောက်ထဲက ၁၀ ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းခဲ့ရတဲ့ စစ်သားသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၅ ယောက်ရှိပြီး မန္တလေးတိုင်းက စစ်သား ၁ ယောက်နဲ့ မကွေးတိုင်းက စစ်သား ၃ ယောက်၊ ရှမ်းပြည်နယ်က ပြည်သူ့စစ် ၁ ယောက်တို့ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးမှာ ကြံရာမရတော့တဲ့အဆုံး ဘောင်မဝင်တန်းမဝင်တဲ့ အမည်ခံရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာနေချိန်မှာပဲ ပြန်ပေးဆွဲစစ်မှုထမ်းကိစ္စကိုလည်း အားပေးအားမြှောက် အပူတပြင်း လုပ်နေခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူငယ်လူရွယ်မှန်သမျှ သတိနဲ့ မျက်စိကိုဖွင့်၊ နားကိုစွင့်ထားပြီး မိမိအသက်ရှင်သန်ရေး အတွက် ပြည်သူဘက် ကူးပြောင်းခိုလှုံဖို့ ရုန်းကန်ရဲရင့်ကြစေလိုတယ်လို့လည်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချရတဲ့ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၁၈၀၀ ရှိပြီဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NMSP-AD နဲ့ MLA တပ်တွေ ပူးပေါင်းပြီး ရာမညမွန်တပ်တော် အနေနဲ့ ဆက်ရှိသွားမည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP(AD) ရဲ့ တပ်ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ကို ပေါင်းစည်းပြီး “ဒပ်မန်ရာမည-ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ မေလ၂၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဖားကန့်နယ်ရှိ မှော်စီစာလမ်းဆုံထောင့်မှာ အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို အမည်မသိအဖွဲ့တစ်ခု လာရောက်စွန့်ပစ်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ မှော်စီစာလမ်းဆုံတောင့်မှာ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို အမည်မသိအဖွဲ့တစ်ခုက လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား

၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျောင်းတက်နေချိန် သူ့အိမ်က အဆင်မပြေတာကြောင့် စပါးထွက်ထမ်းရင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခြင်း ခံခဲ့ရပါတယ်။
Read More

ဝက်လက်အနောက်ခြမ်း ရွာသာကြီးရွာကို စစ်အုပ်စု အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ၊ မြို့အရှေ့ခြမ်းတွင်လည်း စစ်ကြောင်းများ ဖြန့်ထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က မြို့အနောက်ခြမ်း ရွာသာကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုမျိုးစုံ လုပ်ဆောင်နေသလို မြို့အရှေ့ခြမ်းမှာလည်း စစ်ကြောင်းတွေဖြန့်ထားတာကြောင့် ကျေးရွာပေါင်း ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရန်ကုန်မှာ ဆန္ဒပြ

လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ငလျင်ဒဏ်သင့် ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။
Read More

တောင်ဒဂုံတွင် ဆိုင်ကယ်နှင့်ထွက်လာသည့် ပျူစောထီးများ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးပြီး ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းကို ပြောပါတယ်။