အကြမ်းဖက် မင်းအောင်လှိုင် ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ တစ်သားတည်းရပ်တည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။

ဩဂုတ်လ ၂၀ ရက် ဒီနေ့ မနက်ပိုင်းက “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ် – ၁၅/၂၀၂၅” မှာ ဦးနေဘုန်းလတ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“အကြမ်းဖက်စစ်တပ်က ဇွတ်အတင်းကျင်းပဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ် နယ်မြေတွေအတွင်းမှာ လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့လို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေက လက်မခံ ကြောင်း တရားဝင်ပြောဆိုထားကြတဲ့ အပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာမိတ်တိုင်းရင်းသားများနှင့် နွေဦးတော်လှန်ရေးအင်အားစုတွေနှင့် ထပ်တူ တသားတည်း ရပ်တည်ကြောင်းလည်း သတင်းစကား ပြောကြားလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောကြားထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဟာ ၂၀၂၁ခုနှစ် မတ်လ (၃၀) ရက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်တာကြောင့် အဲ့ဒီအခြေခံဥပဒေအောက်ကနေ လုပ်ဆောင်နေတဲ့ မင်းအောင်လှိုင်ရဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲ အပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေသာ ဖြစ်တာကြောင့် ဒီလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေအနေနဲ့ သတိချပ်ဖို့ သတိပေးလိုကြောင်း ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတစ်ခုကို ဟန်ပြပြု လုပ်ပြီး အာဏာတည်မြဲရေးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှု တွေအပေါ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးအတွက် ကြိုးပမ်းနေတာကြာင့် တော်လှန်ရေး အင်အား စုတွေအားလုံး စုစည်းညီညွတ်စွာနဲ့ ပြည်သူနဲ့အတူရပ်တည်ရင်း အဲဒီထောင်ချောက်ကို ဆန့်ကျင် ကျော်လွှားကြဖို့အတွက်လည်း ဦးနေဘုန်းလတ်က တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်ထောင်စုမျှော်ရည်ချက်ဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြွး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်ပါ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဦးလည်မသုန် လျှောက်လှမ်းလျက်ရှိတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ဖို့အတွက် ဖွဲ့စည်းပုံပြောင်းလဲပြီး ဆတိုးကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု တွေကိုလည်း ဆက်လက်စောင့်ကြည့်မှတ်တမ်းတင်သွားမှာဖြစ်သလို ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ပြန်လည်ရယူ နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ရိုဟင်ဂျာ ၆၀၀ ကျော်သတ်ဖြတ်ခံရကြောင်း စွပ်စွဲခံရမှုအပေါ် သေဆုံးသူများသည် စစ်ကောင်စီတပ်သားများသာ ဖြစ်ကြောင်း AA ငြင်းဆို

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကနေ စွပ်စွဲထားသလို အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးစခန်းအများစု တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်နေချိန် တရုတ်နဲ့ ကုန်သွယ်မှုတိုးမြှင့်မယ်လို့ မင်းအောင်လှိုင်ပြော

တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တရုတ်နဲ့ကုန်သွယ်မှု အရှိန်တိုးမြှင့်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အနန်းကွင်း စစ်ကောင်စီတပ်စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄၀ ကျော်သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်ကြောင်းကို​ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်သား အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမြို့ အနောက်ဘက် စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးပါ ၁၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက် အထွက်က စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေ ဆုံးသူတွေရှိတယ်လို့ ရေဦးကော်လံ စစ်ကြောင်းဆီက သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များကို နေပြည်တော် ပကဖ တိုင်းတာဝန်ခံနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုနဲ့အဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။