မြန်မာနိုင်ငံဝန်း ဇူလိုင်လကစလို့ ရက်ပေါင်း ၅၀ အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သား အမျိုးသမီး ၇၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁ ရက်ကနေ ဩဂုတ်လ ၁၉ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၇၈) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် (၁၆) ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ သေဆုံးသူတွေအထဲ စစ်ကိုင်းတိုင်းက (၂၄) ယောက်နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး (၄၉) ယောက်ကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

ဩဂုတ်လ ၁၇ ရက်ကလည်း ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ အမှတ်(၁၆) ကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဖျက်အားပြင်းဗုံးနဲ့ ကြဲချခဲ့ပါသေးတယ်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသား (၁၈) ယောက်၊ အမျိုးသမီး (၈) ယောက်အပြင် အတည်ပြုဖို့ လိုအပ်နေဆဲ (၆) ယောက်အပါ စုစုပေါင်း (၃၂) ယောက်ထက်မနည်း ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ နင်းမိုင်းကြောင့် အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

Monywa Youth Attack Force က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံသဏ္ဍာန် ဆီမီးအပါ ဆီမီး၂ ထောင် ကပ်လှူပူဇော်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၃ (Monywa Youth Attack Force) က အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ တော်လှန်သီတင်းကျွတ်လပြည့်နေ့မှာ ပြည်သူတွေနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံသဏ္ဍာန် ဆီမီးအပါ ဆီမီး၂ထောင် ကပ်လှူပူဇော်ခဲ့ပြီး မီးပုံးပျံတွေ လွှတ်တင်ခဲ့ပါတယ်လို့ သိရပါတယ်။
Read More

တိုင်း ၃ ခုဆုံရာကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး အယောက် ၇၀ ကျော် ထိခိုက်သေဆုံးထား

" အဲ့ဒီနေ့က စခန်းနေ ရဲဘော်တွေ ရှေ့စစ်ကြောင်းထွက်နေချိန် နောက်ကနေ ခွေးစစ်ကြောင်းပတ်ထိုးတာနဲ့ ကြုံခဲ့ရတာပါ။ စခန်းမှာလည်း စခန်းစောင့် ရဲဘော်နဲ့ ရဲမေအချို့ ပဲ ကျန်ခဲ့တာ။ သူတို့တော့ လွတ်ပါတယ်။ လက်နက် ဆုံးရှုံးမှု၊ ရဲဘော် ဆုံးရှုံးမှု မရှိပေမယ့် မိုးတွင်းရိက္ခာ စုဆောင်းထားတာတွေရယ် ဘတ္ထရီအိုး ဆိုလာပြားတွေကတော့ မီးရှို့ခံခဲ့ရပါတယ်။" လို့ နေပြည်တော် PDF တပ်ရင်း၈၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၁ ယောက်ကို လက်နက်တွေနဲ့အတူ CDF-Asho ဖမ်းဆီးရမိ

စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ထံက သိရပါတယ်။
Read More

လျှပ်စစ်မီးကို ရန်ကုန်မှာ ၄ နာရီလာ ၈ နာရီပြတ်စနစ်နှင့်အတူ နေပြည်တော်မှာလည်း တစ်ရက် ၆ နာရီ မီးပြတ်မည်

ရန်ကုန်မှာ လျှပ်စစ်မီးအလှည့်ကျပေးမှုကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ကျင့်သုံးမှုနဲ့အတူ စစ်ကောင်စီအဓိက အခြေစိုက်တဲ့ နေပြည်တော်မှာလည်း တစ်ရက်ကို ၆နာရီလောက်အထိ လျှပ်စစ်မီးပြတ်တောက်သွားမှာဖြစ်ကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။