ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ခို အောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၉ ရက် မနေ့ နေ့လယ်ပိုင်းက ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ် တောင်းမြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းရှိ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၇၊ ပဲခူးခရိုင် ပကဖနဲ့ ကဝမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Bago District People’s Defense Organization

0 Shares:
You May Also Like
Read More

လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကင်းလှည့်လာသည်အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ရာထွက်ပြေးသွားပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ(ရုပ်/သံ)

မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့လို့ ထွက်ပြေးသွားပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် လဲဇင်ကျေးရွာအနီး ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။ တိုက်ပွဲနေရာကိုနယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့အခါ US carbine မောင်းပြန် သေနက် ၂ လက် နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကုက္ကိုကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့အခြေစိုက် ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို ဒီနေ့ မတ်လ ၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's knight Defense Force Myinmu (PKDF-MMU) အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။