ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချသလို ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ ၉ က ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ (၈) ရက်ကစလို့ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းတချို့ဟာ အရပ်သားပြည်သူတွေကို ဒိုင်းကာသဖွယ် အသုံးပြုပြီး စစ်ကြောင်းရဲ့ အရှေ့ဆုံးကနေ သွားလာခိုင်းတာ၊ သူတို့ရဲ့ စစ်သုံးပစ္စည်းတွေကို သယ်ဆောင်ခိုင်းတာတွေကို လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းအချို့ကို KNDF က ရုပ်သံမှတ်တမ်း ရိုက်ယူထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ကျေးရွာတစ်ရွာရဲ့ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်နဲ့ ဖြတ်သန်းဝင်ရောက်လာမိတဲ့ ပြည်သူတွေကိုလည်း အမေးအမြန်းမရှိ တမင်ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေကို ပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုပါ ရယူနိုင်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ဥပဒေမဲ့ မဆင်မခြင် ဖမ်းဆီး နှိပ်စက်ညှင်းပန်းတာ၊ သတ်ဖြတ်တာ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုတာ စတဲ့ စစ်ရာဇဝတ်မှုတွေကို အရှက်တရားကင်းမဲ့စွာ ထပ်ခါတလဲလဲ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ KNDF ဗျူဟာ ၉ က ဆိုပါတယ်။

အဆိုပါအခြေအနေတွေကြောင့် အများပြည်သူတွေရဲ့ လုံခြုံရေးအတွက် မြေပြင်စစ်ရေး အခြေအနေတွေအရ သြဂုတ်လ (၁၀) ရက်က ထုတ်ပြန်ထားတဲ့ လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးနဲ့ လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာတဲ့ လမ်းသွယ်တွေကို အသုံးပြုသွားလာတာ လုံးဝ မပြုလုပ်ဖို့ အသိပေးထုတ်ပြန်ချက်ကို အလေးထားလိုက်နာပေးဖို့ KNDF ဗျူဟာ ၉ က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း - People's Defence Force - South Monywa က ထုတ်ပြန်ထားပါတယ်။
Read More

PDF ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်ရာ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်ဂိတ်စခန်းကို PDF ဝင်ပစ်ရာ စစ်အုပ်စု ကြောက်လန့်တကြား ထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပျူစောထီးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုတွေ ကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၁) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ကရင့်တော်လှန်ရေးအောင်မြင်မယ်လို KNU ဥက္ကဋ္ဌ ပြော

ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စနဲမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က စနဲမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။