စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၁၈ ရက် မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာထဲကို စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီးတစ်ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“လတ်တလောမှာ သေဆုံးသူက အမျိုးသမီး၊ ဒဏ်ရာရသူ ၅ ယောက်လောက် ခန့်မှန်းပေါ့ဗျာ၊ ဒဏ်ရာရတဲ့အထဲမှာ အမျိုးသမီးတစ်ယောက်က ပေါင်ပြတ်သွားတယ်။ အိမ်တစ်အိမ်တည်းကျတာ” လို့ ဆားလင်းကြီးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မိုးကြိုးပြင်တောင်ရွာဟာ အကြမ်းဖက် စစ်ကော်မရှင်တပ် အထိုင်ချထားတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ နီးသလို အဆိုပါ ကျေးရွာထဲကို စစ်ကော်မရှင်တပ်သားတွေက စစ်ကြောင်းထိုးကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာမျိုးလည်း လုပ်ဆောင်လေ့ရှိပါတယ်။

“၁၆ ရက်နေ့ မနက်ပိုင်းက P အဖွဲ့တွေက ဝမ်ပေါင်ကို လက်နက်ကြီးနဲ့ ထုတာ။ ဝမ်ပေါင်ထဲ ထိခိုက်မှုများလို့ အနီးနားရွာတွေကို မဲနေတာ။ အခုထိခိုက်တဲ့ မိုးကြိုးပြင်တောင်ရွာက ဝမ်ပေါင်နဲ့နီးတယ်။ စစ်ကြောင်းတွေကတော့ အဲဒီရွာကို မကြာခဏ ဝင်ဖူးတယ်။ အရင်နှစ်တွေက နေအိမ်တွေကို မီးလည်း ရှို့ခံရဖူးတယ်။ စက်တပ်လေထီးနဲ့ ချတာကတော့ ဒါပထမဆုံးပဲ” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

စက်တပ်လေထီးနဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် မိုးကြိုးပြင်တောင်ရွာက ဒေသခံတွေဟာ ကျေးရွာထဲ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၇.၇အဆင့်နှင့် ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေး အသင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းဖို့ မဲပေါက်ပြီး ထွက်ပြေးရင် နေအိမ်မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ ကျေးရွာမှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်ဖိအားပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ က ထုတ်ပြန်လာပါတယ်။ 
Read More

ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားတဲ ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

“ငါ့အကြောင်း မသိဘူးထင်တယ် သိစေရမယ်ကွ” ဆိုပြီး PDF တွေကို ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံလိုက်ရကြောင်း သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။