အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။

တရားမ၀င်စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ပြီး အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေချိန်မှာ စစ်အုပ်စုရဲ့ ရာဇဝတ်မှု မိတ်ဖက်တွေအဖြစ် ကျောထောက်နောက်ခံပြုပေးထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်က စစ်ရာဇ၀တ်မှုတွေ ပိုမိုကျူးလွန်နိုင်အောင် လောင်စာမီးထိုးပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ အကြမ်းဖက်မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်ပစ္စည်းတွေ၊ စစ်ဘက် အရပ်ဘက်သုံးပစ္စည်းတွေ၊ နည်းပညာတွေနဲ့ စစ်ရေးလေ့ကျင့်ပေးမှုတွေကို အဓိက ပံ့ပိုးပေးနေတာဖြစ်တယ်လို့ JFM က ဆိုပါတယ်။

အဆိုပါနိုင်ငံတွေဟာ မြန်မာစစ်တပ်ရဲ့ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ လူနေကျေးရွာတွေကို ဖျက်ဆီးတာ၊ မတရားဖမ်းဆီးတာနဲ့ ညှင်းပန်းနှိပ်စက်တာတွေ ဆက်တိုက်လုပ်ဆောင်အောင် ပံ့ပိုးပေးနေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဆိုပါ မြန်မာစစ်အုပ်စုမိတ်ဖက် အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်မှုတွေအတွက် တာဝန်ခံရမှာဖြစ်တယ်လို့လည်း JFM က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Spring Warriors Column က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၆ ယောက် ကျဆုံးခြင်း တစ်နှစ်ပြည့်ပြီ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ - Spring Warriors Column (P27001) က တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၆ ယောက်ရဲ့ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီနဲ့ မြိတ်အစပ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာ ၅ယောက်သေ

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကလေးမှာ ဒရုန်းနဲ့ဂျမ်မာတွေ တင်လာတဲ့ စစ်ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်တပ်က ကလေး GTC ထဲကနေ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခို​က်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အရပ်သားကျေးရွာတွေကို တိုက်ခိုက်ဖို့ ဒရုန်းနဲ့ လူအင်အားတွေတင်ဆောင်လာတဲ့ စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနိုင်ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးမြို့နယ် တော်လှန်ပညာရေးအဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာကတစ်ဆင့် ကူညီလှူဒါန်း

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာ ၊ အမှတ် ၁၂၂၂ တပ်ရင်းကတစ်ဆင့် ကူညီလှူဒါန်းထောက်ပံ့ခဲ့တယ်လို့ TRI ဗျူဟာက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနား

PEOPLE'S LIBERATION FORCE ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။