မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ခလရ ၈၈ အကြမ်းဖက်စစ်သားတွေက မြို့အနောက်မြောက်ဘက် အိုးပြင်မဲကျေးရွာကို စစ်ကြောင်းဝင်မီးရှို့ရာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့က ခလရ (၈၈) စကုအခြေစိုက် အကြမ်းဖက်စစ်သားတွေဟာ ဇီးအိုင်ကျေးရွာကတဆင့် အိုးပြင်မဲနဲ့ အိုင်းမကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ပင်းတလဲ၊ ကန့်သက်ကျေးရွာတွေကဆင့် အိုးပြင်မဲရွာကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အရပ်သားနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားခဲ့တာလို့ မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးကပြောပါတယ်။

စစ်ကြောင်းဟာ အိုးပြင်မဲကျေးရွာကို အရင်ကလည်း ဝင်ရောက်ခဲ့ဖူးပြီး အခုတစ်ခါမှာတော့ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အိုင်းမကျေးရွာနဲ့ အိုးပြင်မဲရွာအကြားမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက အတည်ပြုပါတယ်။

အိုးပြင်မဲကျေးရွာကို မီးရှို့ဖျက်ဆီးပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်ကြောင်းဟာ လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကာ ခလရ ၈၈ အတွင်း ရောက်ရှိသွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ မင်းဘူးမြို့နယ်အတွင်းက ကျေးရွာတွေမှာ PDF တွေ ဝင်ရောက်နေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျေးရွာတွေကို စစ်ကြောင်းဝင် မီးရှို့နေတာဖြစ်ပြီး PDF နဲ့ အရပ်သားပြည်သူတွေကို ရန်တိုက်နေတာဖြစ်ကြောင်း မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက ပြောပါတယ်။

“အခုက ရွေးကောက်ပွဲလုပ်ဖို့ အတိအလင်းပြောထားတာရှိသလို တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေ ပြန်ရဖို့ ကြိုးစားလာတယ်။ ဒီအတွက် တစ်နိုင်ငံလုံးကို ထိုးစစ်တွေဆင်၊ လေကြောင်းတွေ ပစ်နေတယ်။ စစ်ကိုင်းနဲ့ မကွေးကိုလည်း စစ်ကြောင်းတွေထိုးတယ်။ အစွန်အဖျားနေရာတွေမှာ PDF တွေရှိနိုင်မယ်၊ ခိုအောင်းနိုင်မယ်အထင်နဲ့ မီးရှို့တယ်။ ပြည်သူတွေကိုလည်း PDF ရှိလို့ မီးရှို့တယ်၊ ပြည်သူလက်မခံအောင် လုပ်တယ်ပေါ့။ ဒါတွေက စစ်ဥပဒေကို ချိုးဖောက်တာပေါ့” လို့ မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။

လက်ရှိမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့မိန်းမဟာ မင်းဘူးမြို့ပေါ်ကို လာဖို့ရှိတာကြောင့် မြို့တွင်းနဲ့ မြို့ဝင်မြို့ထွက်နေရာတွေမှာ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တွင်းသွားလာခွင့်ကို ငါးရက်တာပိတ်မည်ဟု KNDF အသိပေး

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့တွင်းအများပြည်သူတွေ ဖြတ်သန်းသွားလာမှုကို ငါးရက်တိတိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက ၄ လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဥ် ၅၆ ခု ကျူးလွန်ကာ အရပ်သား ၆၄၀ ကျော်ကို သတ်ဖြတ်ခဲ့

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက ၄ လအတွင်း နိုင်ငံတစ်ဝှမ်း အရပ်သား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဥ်ပေါင်း ၅၆ခုကို ကျူးလွန်ခဲ့ပြီး အနည်းဆုံး အရပ်သား ၆၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ထံက သိရပါတယ်။
Read More

နမ့်ခမ်းမှ ဆိုင်ကယ်သယ်ပြီး လာရောင်းသည့် အမျိုးသမီး အင်းတော်တွင် ဓားပြတိုက်ခံရ

နမ့်ခမ်းမြို့ကနေ ဆိုင်ကယ်သယ်ပြီး လာရောင်းတဲ့ အမျိုးသမီးတစ်ယောက် အင်းတော်မှာ လက်လုပ်သေနတ်နဲ့ ဓားပြတိုက်ခံခဲ့ရတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။
Read More

လားရှိုး နားမခေါ်ကားဂိတ်အနီးကို စစ်တပ်က ဗုံးကြဲလို အရပ်သားပြည်သူတစ်ဦးသေဆုံး၊ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိလာ

MNDAA ကထိန်းချုပ်ထားတဲ့  လားရှိုးမြို့ကို စစ်ကောင်စီက မနေ့က အောက်တိုဘာ ၁၄ ရက်ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး မီးလောင်သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။