ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈ တပ်ရင်း) က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၄ ရက်က ခလရ (၁၃၅) တပ်ရင်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်က အသက် (၁၉)နှစ်အရွယ် ရဲဘော် ဖြိုးဖြိုးအောင် (ခ) အိုင်ညီနဲ့ အသက် (၂၀) နှစ်အရွယ် ရဲဘော် အာကာမင်းခန့်တို့ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်လွှတ်အနစ်နာခံခဲ့တဲ့ ရဲဘော် ဖြိုးဖြိုအောင် (ခ) အိုင်ညီနဲ့ ရဲဘော် အာကာမင်းခန့်တို့ကို အာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖားဆောင်း PDF အမှတ် (၁၁၀၈) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆေးသင်တန်းသား/သူ ၁၈ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် ပြစ်ဒဏ်စီရင်ချမှတ်ပြီးကြောင်း KNDF ထုတ်ပြန်

ကရင်နီမှာ ဆေးသင်တန်းသား/သူ တွေ လေ့ကျင့်ရေးပြုလုပ်စဉ်မှာ ရေဘေးကြောင့် ၁၈ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေ အပြစ်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ပြီးကြောင်းကို ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ (၅) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကို ပြည်ဝင်ခွင့်မပေးခဲ့သည့် စစ်ကောင်စီက မည်သည့်နိုင်ငံတကာအဖွဲ့အစည်းကိုမဆို ကြိုဆိုတယ်ဟု ဝါဒဖြန့်

ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကို ငြင်းပယ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ကယ်ဆယ်ရေး လာရောက်လုပ်ဆောင်လိုတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကြိုဆိုလက်ခံသွားမယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

ရွာလုံးကျွတ် မီးတင်ရှို့ခံထားရသည့် မင်းပလောင်ရွာခံများ တောထဲတောင်ထဲ ယားနာနှင့် အာဟာရချို့တဲ့မှုများ ရင်ဆိုင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်က စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ရွာမှာ ဒေသခံတွေ ပြန်လည်အခြေမချနိုင်သေးသလို အာဟာရချို့တဲ့မှုနဲ့ ယားနာရောဂါတွေဖြစ်ပွား​နေကြတယ်လို့ သိရပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာနက ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ကျည်ကာ Helmet တွေနဲ့ ကျည်ကာ Plate ပြား အစုံ (၁၀၀) တပ်ဆင်

ပြည်သူကာကွယ်ရေးတပ်မတော် PDF ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ကျည်ကာ Helmet တွေနဲ့ ကျည်ကာ Plate ပြား အစုံ (၁၀၀) ကို အောက်တိုဘာ ၉ ရက်မှာ နေပြည်တော်အနီး ရှေ့တန်းစစ်မြေပြင်ဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်အတွက် အသွင်ယူ သတင်းပေး​နေတဲ့ ပျူ ၁ယောက် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီအတွက် အသွင်ယူသတင်းပေးနေတဲ့ ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခ​တ်ရှင်းလင်းခဲ့ကြောင်း Dragon Brothers (GBK-PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။