ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချသလို ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ ၉ က ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ (၈) ရက်ကစလို့ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းတချို့ဟာ အရပ်သားပြည်သူတွေကို ဒိုင်းကာသဖွယ် အသုံးပြုပြီး စစ်ကြောင်းရဲ့ အရှေ့ဆုံးကနေ သွားလာခိုင်းတာ၊ သူတို့ရဲ့ စစ်သုံးပစ္စည်းတွေကို သယ်ဆောင်ခိုင်းတာတွေကို လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းအချို့ကို KNDF က ရုပ်သံမှတ်တမ်း ရိုက်ယူထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ကျေးရွာတစ်ရွာရဲ့ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်နဲ့ ဖြတ်သန်းဝင်ရောက်လာမိတဲ့ ပြည်သူတွေကိုလည်း အမေးအမြန်းမရှိ တမင်ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေကို ပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုပါ ရယူနိုင်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ဥပဒေမဲ့ မဆင်မခြင် ဖမ်းဆီး နှိပ်စက်ညှင်းပန်းတာ၊ သတ်ဖြတ်တာ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုတာ စတဲ့ စစ်ရာဇဝတ်မှုတွေကို အရှက်တရားကင်းမဲ့စွာ ထပ်ခါတလဲလဲ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ KNDF ဗျူဟာ ၉ က ဆိုပါတယ်။

အဆိုပါအခြေအနေတွေကြောင့် အများပြည်သူတွေရဲ့ လုံခြုံရေးအတွက် မြေပြင်စစ်ရေး အခြေအနေတွေအရ သြဂုတ်လ (၁၀) ရက်က ထုတ်ပြန်ထားတဲ့ လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးနဲ့ လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာတဲ့ လမ်းသွယ်တွေကို အသုံးပြုသွားလာတာ လုံးဝ မပြုလုပ်ဖို့ အသိပေးထုတ်ပြန်ချက်ကို အလေးထားလိုက်နာပေးဖို့ KNDF ဗျူဟာ ၉ က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အရေးပေါ် အရန်ဆန် တန်ချိန် တစ်ထောင်ကျော်ကို ရေဘေးသင့်ပြည်သူတွေထံ ထောက်ပံ့မယ်လို့ စစ်ကောင်စီ ပြော

အာဆီယံနဲ့ ၃ နိုင်ငံ အရေးပေါ်အရန်ဆန်တွေထဲက ဆန်တန်ချိန် တစ်ထောင်ကျော်ကို နိုင်ငံတစ်ဝန်းက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့သွားမယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံခရိုင် တပ်ရင်း (၃) အနေနဲ့ Facebook Page အသစ်ကို ထုတ်ပြန်ကြေညာ…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းရဲ့ လူမှုကွန်ရက် စာမျက်နှာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်မှာ Facebook က ပိတ်သိမ်းလိုက်တာကြောင့် Page အသစ်ကို ဖွင့်လှစ်လိုက်တယ်လို့ အဆိုပါတပ်ရင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ချောက်မှာ နယ်မြေရှင်းလင်းရေးထွက်သည့် စစ်ကောင်စီတပ်သားများကို မိုင်း ၂ ဆင့်ဆွဲ တိုက်ခိုက်၊ ၄ ဦးသေပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ချောက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်း ၂ ဆင့်ဆွဲကာ တိုက်ခိုက်ရာ ၄ ယောက်သေက ၇ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chauk Revolution Army အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သား (၁) ယောက် လက်နက်နှင့်တကွ KNDF ထံ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သား တစ်ယောက်ဟာ ဇန်နဝါရီလ (၂၀) ရက်မှာ လက်နက်နဲ့ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၃၄) က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း ယောမှာ စစ်တပ်လေကြောင်း ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၁ ယောက် သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာတင် မကွေးတိုင်း၊ ယောဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ပဉ္စမ မဏ္ဍိုင်( PMCSG ) က ထုတ်ပြန်ပါတယ်။