ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈ တပ်ရင်း) က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၄ ရက်က ခလရ (၁၃၅) တပ်ရင်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်က အသက် (၁၉)နှစ်အရွယ် ရဲဘော် ဖြိုးဖြိုးအောင် (ခ) အိုင်ညီနဲ့ အသက် (၂၀) နှစ်အရွယ် ရဲဘော် အာကာမင်းခန့်တို့ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်လွှတ်အနစ်နာခံခဲ့တဲ့ ရဲဘော် ဖြိုးဖြိုအောင် (ခ) အိုင်ညီနဲ့ ရဲဘော် အာကာမင်းခန့်တို့ကို အာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖားဆောင်း PDF အမှတ် (၁၁၀၈) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဝ နှင့် စစ်ကောင်စီ ပူးပေါင်းထိန်းချုပ်ထားသည့် မိုင်းဆတ်မြို့နယ်မှာ မြေရှားသတ္တု တူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းဆတ်မြို့အနီးမှာ မြေရှားသတ္တုတူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

တောင်ပိုင်း စစ်ဒေသနယ်မြေအတွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တစ်ပတ်အတွင်း ပြည်သူ ၂ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသက အသိပေး ထုတ်ပြန်ပါတယ်။
Read More

မြန်မာနှစ်ဆန်း (၁)ရက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့နယ်ရှိ ကဆုတ်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၃ဦးကို လက်နက်ခဲယမ်းများနှင့်အတူ CDF-Asho အရှင်မိ

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (ပြည်သူ့စစ်) ၃ယောက်ကို ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။