မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။

သြဂုတ်လ ၁၈ရက် မနေ့ည ၇ နာရီလောက်မှာ စစ်ကော်မရှင်ရဲ့ Y12 လေယာဥ်က ပေါက်မြို့နယ်ရှိ ပန်းတောကန်ရွာ၊ ချက်ကန်ရွာနဲ့ တည်ပင်ကန်ရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပန်းတောကန်ရွာက ဒေသခံ ၁ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့သလို ချက်ကန်ရွာမှာလည်း ပြည်သူ ၅ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှု မရှိသေးပါဘူး။ ဒီတိုင်းပဲ ကြဲနေတာပါ။ မနေ့က မအလ မကွေးကို လာပါတယ်။ မနေ့ကလည်း ကြဲပါတယ်။ လူတွေသေတာက ရှားလှနဲ့ ကျွန်းတောရွာပါ။ ဒဏ်ရာရ ၂ ယောက်က စိုးရိမ်ရပါတယ်” လို့ အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျူတော၊ ကြအို့၊ ပေခုနှစ်ပင်၊ ခင်ရှည်၊ ပန်းတောကန်၊ တည်ပင်ကန်၊ မှန်ထောင်ကွင်း၊ ဖိုးဖြူလုံးကန်၊ သမားတော်၊ ယင်းမာကုန်း၊ ရေပြာ၊ ဘုရားတောင်ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၉ ရက် ဒီမနက် ၁၁ နာရီလောက်မှာလည်း ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူမြို့နယ်နဲ့ ပေါက်နယ်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေလည်း ထိမှန်သေဆုံးခဲ့ပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက ဆိပ်ဖြူနယ်ထဲကို စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် ပိုင်းရွာ၊ ဝန်ကြီး၊ ရှားလှ၊ ကျွန်းတာ၊ အိုင်ကြီး၊ ကျွန်းချောင်း၊ ဖလံမ၊ ကန်စွန်းမ၊ သုံးလံပြည့်ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ
ပေါက်မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ
0 Shares:
You May Also Like
Read More

တီးတိန်မှာ အကြမ်းဖက်စစ်အုပ်စုစခန်းကုန်းမှ တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း အမှတ် ၂၆၉ စခန်းက တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ယောက်  လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်လအတွင်း တစ်ဒေါ်လာ ၂၅၀၀ ကျပ် နီးပါးအထိ ကျဆင်း

ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။
Read More

ဒီးမော့ဆိုမြို့ရှိ ဆေးပေးခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ‌‌‌၂ ဦး ဒဏ်ရာရပြီး ဆေးခန်း အဆောက်အအုံနှင့် မော်တော်ယာဉ်ပျက်စီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားဆေးခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ‌‌‌၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ The Coordination Team for Emergency Relief (Karenni) က ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်တွင် စစ်အုပ်စု စက်တပ်လေထီးများဖြင့် ဆက်တိုက်ဗုံးကြဲနေပြီး တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်​ကျေးရွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီး ဆုတ်ခွာသွားရတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲငယ်တွေဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

တောင်သာမှာ ခရီးသွားပြည်သူများကို ရိုက်နှက်ပစ္စည်းလုယက်နေသည့် အဖွဲ့ကို တောင်သာ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အနောက်ခြမ်းမှာ ခရီးသွားပြည်သူတွေကို ရိုက်နှက်ပြီး ပစ္စည်းလုယက်နေတဲ့အဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။