မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူစောထီး သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့အနောက်ဘက်ခြမ်း သူစိုးကျေးရွာကို ဝင်ရောက်ရင်း စစ်ရှောင်မိသားစုဝင် ၅ ယောက်ကို ရက်ရက်စက်စက် ကြိုးတုပ် သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က အကြမ်းဖက်စစ်ကော်မရှင်နဲ့ ပျူစောထီးတပ်သားတွေဟာ သူစိုးကျေးရွာကို ဝင်ရောက်မွှေနှောက်ရင်း ခွေးရေတောတိုက်မှာနေထိုင်တဲ့ စစ်ရှောင်မိသားစုဝင်တွေကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ရင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုသတ်ဖြတ်ထားခဲ့သူတွေဟာ တောတိုက်အတွင်း နေထိုင်ရင်း တောင်ယာလုပ်ကိုင်ကြတဲ့ ဦးသန်းအောင် အသက် (၇၅) နှစ်၊ ဦးပြုံးချို (၃၆)နှစ်၊ ဒေါ်ဝင်းကြည် (၆၅)နှစ်၊ ဒေါ်အေး (၆၀)နှစ်နဲ့ ဒေါ်မြင့်ခိုင် (၅၅)နှစ်တို့ဖြစ်ကြောင်း သိရပါတယ်။

“စစ်ကြောင်းက လက်သမားကန်ရွာဘက်ကနေ ထိုးလာတာ။ စစ်ကြောင်းဝင်တော့ ရှောင်ကြတာပေါ့။ အဲ့မှာ ခွေးရေတောတိုက်ဆိုတာ ရွာတော့မဟုတ်ဘူး။ တောထဲက အိမ်လေးတွေပေါ့။ သူစိုးရွာအပိုင်ထဲကပဲ။ သူတို့က တစ်နာရီလောက်ရှောင်ပြီးတော့ စစ်ကြောင်း မရှိလောက်ဘူးထင်ပြီး တောတိုက်က တဲကိုပြန်ကြတာ။ နွားတွေဘာတွေကလည်း အချိန်နဲ့ကျွေးနေကဆိုတော့လေ။ အဲ့မှာ စစ်ကြောင်းနဲ့တည့်တည့်တိုးတာပါ။ ဖမ်းတောင်မဖမ်းတော့ဘဲ တစ်ခါတည်းသတ်သွားတာပါပဲ” လို့ နွားထိုးကြီးဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းမဝင်ခင်တစ်ရက်အလိုကလည်း Y12လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သူစိုးရွာထဲက သက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်နဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက် သေဆုံးခဲ့ပါသေးတယ်။

အခုလ (သြဂုတ်) အစပိုင်းကစလို့ ပျူစောထီးခေါင်းဆောင် သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ မြင်းခြံ-ဆီမီးခုံလမ်းပိုင်းနဲ့ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတိုက်ပွဲတွေရှိနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဝါဒဖြန့်မီဒီယာတွေမှာတော့ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးရင်း PDF တပ်ဖွဲ့ဝင်တွေရဲ့ စခန်းတွေကို သိမ်းဆည်းရမိတာမျိုးတွေရှိကြောင်း ဝါဒဖြန့် ရေးသားနေကြပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းဟာ တံစိုးရွာကတဆင့် မလည်ကျေးရွာကို ဆက်လက်ရောက်ရှိသွားပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

“သူတို့က စစ်ကြောင်းထိုးတယ်။ တွေ့တဲ့အရပ်သားတွေကို သတ်တယ်။ ပြီးရင် PDF ဆိုပြီးဝါဒဖြန့်တယ်။ စစ်ကတော့ဖြစ်နေတယ်။ ကျနော်တို့ ပြောက်ကျားစစ်နဲ့ တိုက်နေတယ်။ သူတို့ဘက်က အသေဆုံးများတော့ နာခဲခဲနေတဲ့သဘောပါပဲ။ ဆေးရုံမှာတောင် မဆန့်တော့ပါဘူး။ ကျနော်တို့ဘက်က စခန်းသိမ်းပြီဆို သူတို့လို ဝါဒဖြန့်တာမဟုတ်ဘဲ အလောင်းတွေ၊ လက်နက်တွေ လက်တွေ့ချပြနိုင်တယ်။ ကျနော်တို့စခန်းတွေကို သူတို့သိမ်းနိုင်တယ်ဆိုတာ မရှိပါဘူး။ ခဲယမ်းမလုံလောက်မှုကြောင့် ဆုတ်ပေးတာကို ဝင်နိုင်တာပဲရှိတယ် ပြောရပါမယ်။ ပြီးရင် ကျနော်တို့က ပြောက်ကျားပြန်တိုက်ပါတယ်။ ဒါက ခွာစစ်ပါ” လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Army) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ရေကြီးရေလျှံနေတဲ့အတွက် တပ်တော်ရဲ့ ဗဟိုဌာနချုပ်မှာ အကျဥ်းချုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KNDF ၄ နှစ်ပြည့်အတွက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ချင်းညီနောင်နှင့် MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး ဂုဏ်ပြုလွှာများ ပေးပို့

မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။
Read More

ကြို့ပင်ကောက်တွင် အမှိုက်ကောက်သမားအသွင်နှင့် သတင်းထောက်နေသည့် စစ်ကောင်စီတပ်ကြပ်ကြီးပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ အမှိုက်ကောက်သူအဖြစ် ဟန်ဆောင်ရင်း PDF တပ်ဖွဲ့ဝင်တွေရဲ့အခြေအနေကို လာရောက်စုံစမ်းတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Yoma GBK PDF တပ်ခွဲမှူး ကိုကရင်လေးက မောင်းကိုပြောပါတယ်။
Read More

ရွာငံတွင် ထွေအုပ်ဝန်ထမ်းများ ဖမ်းခံရမှုကြောင့် အရှေ့မြင်အနောက်မြင် တောင်တန်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းတွေ ဖမ်းဆီးခံရမှုနဲ့အတူ စစ်ကောင်စီက မြဧတီကျေးရွာကို အကြမ်းဖက်စီးနင်း ရှာဖွေခဲ့တယ်လို့ ရွာငံဒေသခံ ၁ ယောက်က မောင်းကို ပြောပါတယ်။