တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တမိုင်းတောင်စခန်းကုန်းမြင်ကွင်းကို KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့မှ ထုတ်ပြန်လိုက်ပါတယ်။

တမိုင်းတောင်စခန်းကုန်းကို KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့၊ KNDO အမှတ် (၇) တပ်ရင်း တပ်ခွဲ (၅)တို့ ပူးပေါင်းကာ ၂ လကြာ ရိက္ခာနဲ့ ထောက်ပို့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ ထားပြီးနောက် သြဂုတ် ၁၆ ရက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် သြဂုတ် ၁၇ ရက်နေ့မှာ KNDO အမှတ် (၇) တပ်ရင်း ဒရုန်းတပ်ဖွဲ့မှ စခန်းအတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး စစ်ကော်မရှင်တပ်သားတွေ အခြေအနေကို စစ်ဆေးပြီးနောက် စခန်းကို တက်ရောက်ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

မိုးဗြဲတိုက်ပွဲတွင် အသက် ၂၁နှစ်ရွယ် ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီ မြင့်မြတ်စွာ ကျဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၆) တပ်ရင်းက ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီဟာ မိုးဗြဲမြို့ တိုက်ပွဲမှာ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဧရာဝတီတိုင်း မြို့နယ်တချို့မှာ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ခံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ကောက်ထားတဲ့ငွေတွေ တစ်အိမ်တက် တစ်အိမ်ဆင်း ပြန်ပေးနေ

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း ထောက်ပံ့ကြေးဆိုပြီး ပိုက်ဆံကောက်ခံနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ကောက်ခံထားတဲ့ ငွေတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ပြန်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ရပေမယ့် Pre CDM (ဖရဲသီး) အဖြစ် တာဝန်ကျေရန် ပြည်သူ့ရင်ခွင် ဖိတ်ခေါ်

မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။ 
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်

တအာင်းတပ် - TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization (TWO) က သတင်းထုတ်ပြန်ပါတယ်။
Read More

“Phyu Phyu In Korea” ဂီတဖျော်ဖြေပွဲမှ ထောက်ပို့ငွေ ကျပ်သိန်းပေါင်း ၆၈၀၀ ခန့် ရရှိ

တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ "Phyu Phyu In Korea " Concert ဂီတဖျော်ဖြေပွဲကနေ မြန်မာငွေကျပ် သိန်းပေါင်း ၆၈၀၀ ခန့်အထိ ရရှိခဲ့ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ထိရောက်စွာ ပေးပို့လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။