နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပညာတတ်တွေပေါများဖို့ လိုအပ်တယ်လို့ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်ပါပြီ။

အဆိုပါ ပြောကြားချက်ကို မနေ့က ဩဂုတ်လ ၁၈ ရက်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်က အရာရှိ၊ စစ်သည် မိသားစုတွေကို တွေ့ဆုံစဉ်မှာ မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့ ပြောဆိုမှုကို စစ်တပ်လက်အောက်ခံ ဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြထားကြပါတယ်။

မင်းအောင်လှိုင်ဟာ အခုလိုတွေ ပြောဆိုနေပေမယ့် တဖက်မှာလည်း တိုင်းပြည်ထဲက လူငယ်တွေကို စစ်တပ်မှာ စစ်မှုထမ်းဖို့ အတင်းအဓမ္မ သွတ်သွင်းမှုတွေကြောင့် ပြည်ပကို နေရပ်စွန့် ထွက်ခွာလာကြရတဲ့ လူငယ်တွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။

“သူကတော့ လူမြင်ကောင်းအောင်တော့ ဒီနေရာရောက်ရင် ဒီစကားပြောမယ်…. ဟိုနေရာရောက်ရင် တမျိုးပြောမယ်။ သူ့လုပ်ရပ်နဲ့ သူ့ပြောစကားနဲ့ မှန်/မမှန်ကတော့ အားလုံးလည်း မြင်တဲ့အတိုင်းပါပဲ။ မှတ်ချက်ပေးလောက်စရာတောင် တန်ဖိုးမရှိနေပါဘူး” လို့ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးသိပ္ပံဌာနမှ CDM Lecturer ဒေါက်တာသန်းလွင်ဦးက မောင်းကို ပြောပါတယ်။



ပညာရေးက အရေးကြီးကြောင်း စစ်ခေါင်းဆောင်က ဟန်လုပ် ပြောဆိုနေပေမယ့် ပညာတတ် လူငယ်တွေကို စစ်မှုထမ်းစေနေတာလည်း စစ်တပ်ပဲ ဖြစ်တဲ့အပြင် နိုင်ငံတဝှမ်းက စာသင်ကျောင်းနေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာလည်း စစ်တပ်ပဲ ဖြစ်နေပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကတင် စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ဒီပဲယင်းမြို့နယ်၊ အိုးထိန်းကျေးရွာက စာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကလေးငယ် ၁၁ ယောက် အပါအဝင် ဆရာ၊ ဆရာမ ၂ ယောက်ပါ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေကလည်း ဖျောက်ဖျက်လို့ မရနိုင်တဲ့ သမိုင်းမှတ်တမ်းတွေပါပဲ။

အမည်မဖော်လိုတဲ့ CDM ကျောင်းသားတစ်ယောက်ကလည်း “ပညာတတ်တွေ လိုတယ်ပြောပြီး စစ်မှုထမ်းခိုင်းတယ်။ တဖက်မှာလည်း စာသင်ကျောင်းပါမကျန် ၊ ကလေးသူငယ်တွေမကျန် ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲလိုက် … သတ်ဖြတ်လိုက်လုပ်နေတာက တကယ်ပဲ ပြည်သူတွေကို စေတနာရှိတာလား၊ တကယ်ပဲ နိုင်ငံကို ကောင်းစေတာလားလို့ပဲ မေးခွန်းထုတ်ချင်ပါတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေကိုပြဌာန်းလိုက်ပြီး အမျိုးသား စစ်မှုထမ်းသင်တန်းကို အပတ်စဉ် ၁၆ အထိ ဖွင့်လှစ်ထားပြီးဖြစ်ပြီး လက်ရှိအချိန်မှာ အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းကိုလည်း စတင်ဖွင့်လှစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုတွင် အင်အားအလွန်အကျွံဖြင့် စစ်ကြောင်းထိုးသည့် စစ်အုပ်စု အယောက်၂၀ ကျော် သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရကာ ဆုတ်ခွာသွား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ရက်ကြာ ခုခံတိုက်ခိုက်ရာ စစ်အုပ်စု အယောက် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 
Read More

သဲကုန်းမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပေါင်းတည် PDF တိုက်ခိုက်၊ ၄ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သဲကုန်းမြို့ မြို့အဝင်အထွက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁ ) - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လှည်းကူး ခရိုင်ထွေအုပ်ရုံးကို Yangon Army (YA) အဖွဲ့က ပြင်းအားမြင့် မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

"ခရိုင်အဆင့်အုပ်ချုပ်စီမံလုပ်တဲ့နေရာပါ၊ ဒါပေမယ့်ရုံးမှာ စခတွေမရှိဘူး၊ ပျူတွေဘဲစောင့်ကြတော့တယ်၊ ထိကြဖို့များတယ်၊ မိုင်းကွဲအားပြင်းပါတယ်။" လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

Freedom Fighter Guerrilla Force ရဲ့ စစ်သင်တန်း ဆင်းပွဲနဲ့ ယူနီဖောင်းပေးအပ်ပွဲကို ရှေ့တန်းမှာ အကျဥ်းချုံး ပြုလုပ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အခြေစိုက် Freedom Fighter Guerrilla Force ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ နဲ့ ယူနီဖောင်း ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ Freedom Fighter Guerrilla Force က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲများကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးမပြုရန် KNDF ထုတ်ပြန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်တပ်က ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဖက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာနိုင်တာကြောင့် အဆိုပါ လမ်းမကြီးကို ဒီနေ့ နိုဝင်ဘာလ ၆ ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။