အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးကို ခေတ်အဆက်ဆက် ဖြိုခွဲဖျက်ဆီးခဲ့တဲ့ မတရားအာဏာသိမ်း အကြမ်းဖက်စစ်တပ်က ပြည်သူလူထုဆန္ဒသဘောထားကို လျစ်လျူရှုပြီး အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ အမျိုးမျိုး ပြင်ဆင်နေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တယ်လို့ ဆိုပါတယ်။

အတုအယောင် ရွေးကောက်ပွဲက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မတရားအာဏာသိမ်းမှုကို တရားဝင်ဖြစ်စေဖို့အတွက် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်နဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရားဝင်မှု (legitimacy) ကို အတုအယောင် ရွေးကောက်ပွဲနဲ့ ဖျက်သိမ်းပြီး သူတို့ရဲ့ တရားမဝင်အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ကြံစည်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ အကြမ်းဖက်စစ်အုပ်စုကိုသာ ကိုယ်စားပြုပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ကိုယ်စားပြုနိုင်မှာ မဟုတ်သလို အတုအယောင် ရွေးကောက်ပွဲက ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ့်အစား ပဋိပက္ခတွေကို ပိုမိုနက်ရှိုင်းစေနိုင်တယ်လို့ ထောက်ပြပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ဟာ တရားဝင်အစိုးရ မဟုတ်သလို ဘယ်လိုရွေးကောက်ပွဲကိုမဆို ပြုလုပ် ကျင်းပပိုင်ခွင့်လည်း လုံးဝမရှိကြောင်း ICNCC က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုကြောင့် အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနေရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သန်းချီရှိနေချိန်မှာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးတာ၊ မဲပေးတဲ့အခါ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲမျိုးဖြစ်အောင် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ လုံးဝရှိနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် အဆိုပါအတုအယောင် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူတွေကိုလည်း စစ်ရာဇဝတ်မှုတွေမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်နေသူတွေအဖြစ် ပြည်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံရလိမ့်မှာဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ( ICNCC )က သတိပေးထားပါတယ်။

နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ပေးဖို့နဲ့ အသိအမှတ်မပြုဖို့ ပန်ကြားလိုတယ်လို့လည်း ICNCC က ဆိုပါတယ်။

ICNCC အနေနဲ့ ချင်းပြည်သူတွေ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ရေးကို အာမခံတဲ့ နိုင်ငံရေးစနစ်သစ် ပုံဖော်ရင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းလာစေရေးအတွက် ပိုမိုအားဖြည့်လုပ်ဆောင်နေသလို မြန်မာပြည်သူတရပ်လုံးအနေနဲ့လည်း အတုအယောင် ရွေးကောက်ပွဲမှာ လုံးဝ ပူးပေါင်းပါဝင်တာမပြုလုပ်ဘဲ ဆန့်ကျင်ကန့်ကွက်ကြဖို့ အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းအတွင်း တိုက်ပွဲတစ်နေရာတွင် ဥဒေါင်းမင်းစစ်ကြောင်း ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေတာရှည် တိုက်ပွဲမှာ နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့တယ်လို့ နေပြည်တော် PDF အမှတ် (၉၀၁)တပ်ရင်းဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာက နေအိမ် အလုံး (၂၀) ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်အလုံး (၂၀)ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်မှာ ဗမာ့တပ်တော်မှ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကချင်ပြည်နယ်ရှေ့တန်းစစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ မိခင်တပ်ဖွဲ့ဖြစ်တဲ့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်‌ပျောက်ကျေးရွာအုပ်စု ကျောက်အိုင် (ကွီးလေး)‌ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံ (၂) ယောက် သေဆုံးပြီး (၆) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (မြိတ်-ထားဝယ်ခရိုင်) က မနေ့က ထုတ်ပြန်ပါတယ်။