မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ မိုးကုတ်မြို့အနောက်ပိုင်း၊ ကြက်ပြင်နာရီစင်အနီး တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးတွေ ကျ‌ရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း (၄) ကျောင်းနဲ့ သီလရှင်ကျောင်းဆောင် (၂)ဆောင် ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့ကလည်း အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့အရှေ့ပိုင်းကို ပေါင် (၂၅၀) ဗုံး (၃) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ကလေး(၁) ယောက် အပါအဝင် အမျိုးသား(၂) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ဩဂုတ်လအတွင်း လေကြောင်းကနေ မိုးကုတ်မြို့ကို (၄) ကြိမ်၊ ကျောက်မဲမြို့နယ်ကို (၂) ကြိမ်၊ သီပေါမြို့ကို (၃) ကြိမ် ဗုံးတွေကြဲချမှုကြောင့် ကလေး (၃) ယောက်၊ သံဃာတော် (၂) ပါး၊ အမျိုးသမီး (၁၇) ယောက်နဲ့ အမျိုးသား (၁၆) ယောက် သေးဆုံးခဲ့ပြီး သံဃာတော် (၁) ပါး၊ အမျိုးသမီး (၁၁) ယောက်နဲ့ အမျိုးသား (၂၁) ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမှာ အင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲနေသည့် စစ်တပ်ကို ၆၀ မမ များ ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ရှိရာနေရာကို ၆၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၃ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ခွန်အားဖြည့်သင်္ကြန်ပွဲ ပြုလုပ်၊ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တက်ရောက် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ကျင်းပပြုလုပ်တဲ့ ခွန်အားဖြည့်သင်္ကြန်ပွဲကို အမျိုသားညီညွတ်ရေးအစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တက်ရောက်ပြီး နှစ်သစ်ဆုတောင်းနဲ့ မြန်မာနိုင်ငံမှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ အလုပ်သမားထုကို ဖိနှိပ်နေသည့် စစ်ကောင်စီကို ILO ညီလာခံမှာ အရေးယူရေး ဆန္ဒပြ

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့အနှံ့မှာ မြေပြင်သပိတ်အင်အားစုတွေက “ILO  A 33  MYANMAR  2025” စာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်နေမှုတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ - ILO ညီလာခံမှာ အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မှာ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု ၅ ဦးထက်မနည်း သေပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ၊ စစ်တပ်ဆီက လက်နက်ခဲယမ်းများအပြင် မူးယစ်ဆေးဝါးပါ သိမ်းဆည်းရမိ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ ၅ ယောက်ထက်မနည်း သေပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ Justice Soldier PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။