ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ဘော်ဒါကျေးရွာဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၅ ယောက်သေပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၅ ရက် မနက်အစောပိုင်းက ပေါက်ခေါင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်သား ၄၂ ယောက်ရှိတဲ့ ‌ဘော်ဒါကျေးရွာဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား ၅ ယောက်သေပြီး ၃ ယောက် ဖမ်းမိကာ ကျန်တပ်သားတွေ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဆိုပါစခန်းကနေ MA3 သေနတ် ၂ လက်၊ MA11 ၁ လက်၊ အူစီ ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၂၇၆ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ကျည်ဘောက် ၁၃ ခု၊ ICom ၁ လုံး၊ မိုဘိုင်းဖုန်း ၄ လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၁ လုံးနှင့် စစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ စာသင်ကျောင်းကုန်း၊ သစ်တောကုန်း၊ ဆက်သွယ်ရေးကုန်းတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ ကြိမ်ချောင်းရွာထဲကို Gyrocopter နဲ့ ပေါင် ၃၀၀ ဗုံးသီး ၁ လုံးကြဲချပြီး စက်တပ်လေထီး ၂ စီးနဲ့ ပေါင် ၃၀၀ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Paungde People Defense Force PPDF Battalion-3601

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရောက်ရှိလာသည့် တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်း‌‌ဟောင်းပေါ် ရောက်ရှိနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံတစ်ခုကို တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက လူမှုကွန်ရက်ကတဆင့် “အမြန်လမ်းပေါ်မှာ တွေ့ကြမယ်” ဆိုတဲ့ စာသားနဲ့အတူ ဒီနေ့ သြဂုတ် ၂၆ ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ပခုက္ကူမှ မြိုင်သို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အစောင့်လိုက်ပါတဲ့ စစ်သားတွေ တိုက်ခိုက်မှု ၇ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမှ မြိုင်သို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အစောင့်လိုက်ပါတဲ့ စစ်သားတွေကို ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

TGYR-‌‌ ပြောက်ကျားတပ်ဖွဲ့ ရဲ့ စက်သေနတ် စမ်းသပ်ပစ်ခတ်မှု (ရုပ်/သံ)

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်က ဒေသကာကွယ်ရေးတစ်ခု ဖြစ်တဲ့ TGYR ပြောက်ကျားတပ်ဖွဲ့က ၎င်းတို့ဝယ်ယူထားတဲ့ အတွဲလိုက်ပစ်ခတ်နိုင်တဲ့ စက်သေနတ်ကို စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းကို ရုပ်သံနဲ့တကွ အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်း အပတ်စဉ် (၁/၂၀၂၅) ဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ်  သင်တန်းသားဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့တဲ့ အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ် စစ်သင်္ဘောတစ်စီးကို ဗုံးသီး ထိမှန်ခဲ့တဲ့ ရုပ်သံဖိုင် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထုတ်ပြန် (ရုပ်/သံ)

မန္တလေးတိုင်း ဂေါဝန်ဆိပ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၂ စီးကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ တစ်စီးကို တည့်တည့်ထိထိမှန်ခဲ့တဲ့ ရုပ်သံဖိုင်ကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။