စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာက မိုးကောင်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကိုရင်ကြီး ၁ ပါးနဲ့ ကပ္ပိယ ၂ ယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ မူးကမ်းကြီးကျေးရွာက မိုးကောင်းဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစိတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းအတွင်းရှိ ကပ္ပိယနှစ်ယောက်၊ ကိုရင်ကြီးတစ်ပါးနဲ့ အရပ်သားပြည်သူ ၂ ယောက်၊ စုစုပေါင်း ၅ ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပအဖ က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒီပဲယင်းမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ကျောက်လုံးကြီးစခန်းရှေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၃‌ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung (တောင်ငူခရိုင်၊ တပ်မဟာ(၂) တပ်ရင်း(၅) လက်အောက်ခံ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦး အလင်းဝင်လာ

မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

AA လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်

ရခိုင်ပြည်နယ်မှာ မြို့ရွာတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ အာရက္ခတပ်တော် AA ကို လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့  အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုပြောကြားလိုက်ပါတယ် ။ 
Read More

ညောင်ရွှေမှာ စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။