ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ Golok မြစ်ကို ဖြတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို မလေးရှားစစ်တပ် (TDM) က ဖမ်းဆီးထားတယ်လို့ Malay Mail သတင်းက ဖော်ပြထားပါတယ်။

အဆိုပါ တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းသူတွေဟာ အသက် ၁၉ နှစ်ကနေ ၃၅ နှစ်ကြားလူငယ်တွေဖြစ်ပြီး အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ ပါဝင်ကြောင်း၊ တချို့ကတော့ မြန်မာနိုင်ငံသား မှတ်ပုံတင်စာရွက်စာတမ်းတွေနဲ့ နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ထားကြောင်း TDM အမှတ် (၂) ခြေလျင်တပ်ရင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“မိုဘိုင်းလ်ဖုန်းတွေနဲ့ မလေးရှား၊ မြန်မာနဲ့ ထိုင်းငွေတွေအပါအ၀င် ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေ အများအပြားကိုလည်း သိမ်းဆည်းခဲ့တယ်” လို့ ဆိုပါသေးတယ်။

ထိုင်းနိုင်ငံမှ Sungai Golok ကို တရားမဝင် ဖြတ်ကူးရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို မလေးရှား တပ်မတော်က ဖမ်းဆီး၍ ငွေသား RM21,426 နှင့် ကိုယ်ပိုင်ပစ္စည်းများ နှင့် မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (ဓာတ်ပုံ Markas Pemerintahan Medan Barat Tentera Darat’s Facebook)

“ဒါ့အပြင် Mitsubishi Pajero ယာဉ်တစီးကိုလည်း ကြားဖြတ်ဖမ်းဆီးခဲ့ပေမယ့် မှောင်ခိုသမားလို့ သံသယရှိတဲ့ ယာဉ်ပိုင်ရှင်ကတော့ Golok မြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

ဖမ်းဆီးရမိမှု စုစုပေါင်းတန်ဖိုး ၂၁၄၂၆ မလေးရှားရင်းဂစ် (မြန်မာငွေ သိန်း ၂၃၀ ဝန်းကျင်ခန့်) ဖြစ်ပြီး အဆိုပါ တရားမဝင် ဝင်ရောက်လာသူအားလုံးကို Jeli ခရိုင်ရဲတပ်ဖွဲ့ဌာနချုပ်ဆီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မူရင်းသတင်း – Malaysian Army foils illegal entry attempt at Sungai Golok, 10 Myanmar nationals handed to police

0 Shares:
You May Also Like
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

တောင်ကိုးရီးယားသမ္မတ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဟာ ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ညနေ နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းကတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Read More

အာဆီယံပူးပေါင်းအဖွဲ့ ငြိမ်းချမ်းရေးအတွက် လာမယ့်အပတ် မြန်မာပြည်လာမည်

အာဆီယံဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အာဆီယံပူးပေါင်းကိုယ်စားလှယ်အဖွဲ့တခုဟာ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အဘရာဟင်က ပြောပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးမည့် ခရီးစဉ်သာဖြစ်ကြောင်း JFM ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ရန် နေပြည်တော်လာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အုပ်စုရဲ့ လာမယ့်ရွေးကောက်ပွဲကိစ္စတွေနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး တွန်းအားပေးပြောဆိုဖို့ ကြာသပတေးနေ့မှာ နေပြည်တော်ကို သွားရောက်မယ့်အကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ပြင်သစ်အစိုးရ ကန့်ကွက်၊ နိုင်ကျဉ်းများ လွှတ်ပေးရန်နှင့်  အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ပြင်သစ်အစိုးရက မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အားလုံးပါဝင်မှုဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီနေကြောင်း မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့  "၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ၊ ပဥ္စမမြောက် နှစ်ပတ်လည်နေ့" ဆိုင်ရာ ကြေညာချက်မှာ ထည့်သွင်းပြောဆိုပါတယ်။