စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ T.G.R တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၄ ရက် မနက်ပိုင်းက စစ်ကိုင်း-မုံရွာလမ်းပေါ်ရှိ စစ်ကော်မရှင်အထိုင်စခန်းကနေ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက ပြောက်ကျားနည်းနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“သူတို့ရဲ့ အထိုင်စခန်းကို ကင်းပုန်းဝပ်တဲ့နေရာကို ကျနော်တို့ တိုက်ခိုက်တာ၊ ရန်သူလာတာ ၅ ယောက်။ ပစ်ကွင်းထဲကို ရောက်လာတာ ၄ ယောက်၊ ကျနော်တို့ စတင်ပစ်ခတ်တော့ စစ်‌ေ-ွး ၂ ကောင် နေရာတင် ပွဲချင်းပြီး သေပြီးတော့ ကျန်တစ်ကောင်က သူတို့စခန်းထဲ ရောက်ခါနီးကျမှ ဒဏ်ရာအပြင်းအထန်ရပြီးတော့မှ သေသွားတယ်လို့ သတင်းရတယ်” လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက မောင်းကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်စစ်ဌာန ကွပ်ကဲမှုနဲ့ T.G.R တပ်ဖွဲ့၊ 11 Brother တပ်ဖွဲ့၊ ရေနဂါးပြည်သူ့ကာကွယ်တပ်ဖွဲ့၊ Black Eagle တပ်ဖွဲ့၊ Black Brothers တပ်ဖွဲ့၊ Hero တပ်ဖွဲ့နဲ့ ဒီမိုပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – T.G.R တပ်ဖွဲ့

0 Shares:
You May Also Like
Read More

ရေပူရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်များအား တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာအနီး ဖေဖော်ဝါရီ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်၊ သံပြားကာယာဉ် ၁ စီး ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သံပြားကာယာဉ် ၁ စီး ပျက်စီးခဲ့တယ်လို့ Black Eagle Defence Force - MMU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်ပကဖ ရဲ့ NCO အကြပ်သင်တန်း ဆင်းပွဲကျင်းပ (ရုပ်/သံ)

မြိုင်-ပကဖက ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်း၊ အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို မတ်လ ၂၇ ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

လုံခြုံရေး အထူးတင်းကျပ်ထားသည့် ရန်ကုန်မြို့လယ်တွင် NO VOTE လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတစ်ခုဖြစ်တဲ့ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က "NO VOTE" စာတန်းကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီး ပစ်ချခံရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်တွင် ပခုက္ကူတပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီးကို ပစ်ချခဲ့တယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်ကျင်ခန့်က အကြမ်းဖက် စစ်တပ်ရဲ့ ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီးကို ပစ်ခတ်ခဲ့ရာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ ပျက်ကျမှုကြောင့် ပါရာမော်တာပေါ်ရှိ အကြမ်းဖက် စစ်သားများ သေဆုံးခြင်းရှိမရှိကို မြိုင်ပကဖမှ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
Read More

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက် (ရုပ်/သံ)

ကရင်နီပြည်နယ် မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ KNDF - Pekhon Zone က ထုတ်ပြန်ထားပါတယ်။