ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် (၈) တပ်ရင်း တပ်ခွဲ (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းဟာ ဒီးမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရဲဘော် မောင်ကျော့ကင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်က အကြမ်းဖက်စစ်တပ်နဲ့ ဒီးမော့ဆိုမြို့ တိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးခဲ့တာဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်မှာတော့ မြေချသဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် ရဲဘော်မောင်ကျော့ကင်းဟာ ကျဆုံးချိန်မှာ ၄ နှစ်အရွယ် ကလေး တစ်ယောက်နဲ့ ၆ လအရွယ် ကလေးတစ်ယောက် ကျန်ရစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကျဆုံးရဲဘော် မောင်ကျော့ကင်းဟာ KNDF တပ်ရင်း ၈ က ဖွင့်လှစ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) ကို တင်ရောက်ကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စတင်ပြီး တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ရဲဘော်မောင်ကျော့ကင်းတို့ မွေးချင်း ညီအစ်ကိုနှစ်ယောက်ဟာ ရဲဘော်တွေအဖြစ် အတူတူ တာဝန်စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ရှေ့တန်းထွက်ဖို့ တစ်ကြိမ်တစ်ခါမှ မငြင်းဆိုခဲ့ဖူးတဲ့ ရဲဘော်တွေ ဖြစ်တယ်လို့ KNDF တပ်ရင်း ၈ က ဆိုပါတယ်။

KNDF အမှတ် ၈ တပ်ရင်းအနေနဲ့ ရဲဘော်မောင်ကျော့ကင်းအပါအဝင် ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်  မိသားစုဝင်တွေနဲ့ တပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရသလို စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်များ ရေဖြူမြို့ကို ခေတ္တထိန်းချုပ်ကာ စစ်တပ်အခြေစိုက်စခန်းများကို မီးရှို့ရှင်းလင်း 

တနင်္သာရီတိုင်း၊ ရေဖြူမြို့မှာ ထားဝယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီနင်း တိုက်ခိုက်နိုင်ခဲ့သလို မီးရှို့ရှင်းလင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

မြိတ်ခရိုင် PDF အမှတ် ၂ တပ်ရင်း၏ ‎၇၈ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

လှိုင်သာယာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းဆိုသူ နဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရကြောင်း Golden Valley  Warriors အဖွဲ့ထံက သိရပါတယ်။
Read More

ရွာငံတွင် စစ်အုပ်စုက အနီရောင်အဆင့်သတ်မှတ်ပြီး စစ်ကြောင်းများခွဲထိုးနေ၊ ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲအတုအတွက် စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီဖြည့်ပြီး စစ်ကြောင်းတွေထိုးနေသလို အတုအယောင် ရွေးကောက်ပွဲဝင်ရောက်မယ့် ကြံ့ခိုင်ရေးအမတ်တွေလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေကြောင်း ရွာငံစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်မှာ သြဂုတ်လ ၁ လအတွင်း စစ်မှုထမ်းရန်အတွက် လူ ၃၀ ကျော် ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ စိတ်ကျန်းမာရေးအားနည်းသူနှင့် အသက်မပြည့်သူများပါ ဖမ်းဆီးခံ စာရင်းတွင် ပါဝင်နေ…

"အခုက လူငယ်တွေ တော်တော်ဖမ်းခံနေရတာ။ လွတ်နေတဲ့ ဆယ်လီတွေ ဘာတွေဆိုတာကလည်း စစ်တပ်ရယ်၊ ကြံ့ဖွံ့ရယ်နဲ့ ဆက်စပ်နေတဲ့သူတွေရယ်ပဲ လွတ်နေတာပါ” လို့ ရန်ကုန်မြို့နေအမျိုးသား ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘုံငါးချက်ကို ဆက်၍အကောင်အထည်ဖော်မည်ဟု အာဆီယံအထူးသံ ဆို 

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ် ဆက်လက်အကောင်အထည်ရေး လုပ်ဆောင်သွားမယ်လို့  ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နို လာဇာဇို က အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။