မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ မဲဆန္ဒနယ်ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်က တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမယ့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ မြို့နယ်အများစုကို အကြမ်းဖက်စစ်တပ်က လက်လွှတ်ဆုံးရှုံးထားရတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့မှာလည်း မြို့ပေါ် ဒေသတွေကလွဲလို့ ကျေးလက် ဒေသတွေမှာ အကြမ်းဖက်စစ်တပ်က အလုံးစုံ မစိုးမိုးနိုင်ဘဲ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆက်ပြီး ပြုလုပ်သွားမယ့် အပိုင်းလိုက် ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်တွေကိုလည်း ဆက်လက် ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက အပြင်းအထန် ကန့်ကွက်သလို အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ရှုတ်ချထားပြီး အာဆီယံကလည်း အားလုံးမပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဟာ ပဋိပက္ခတွေကို ပိုမိုဆိုးရွားလာစေမယ်လို့ ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

TNLA ထိန်းချုပ်ရာ နမ့်ခမ်းကို လေကြောင်းကနေ ၃ ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်

TNLA ထိန်းချုပ်ထားတဲ့  ရှမ်းမြောက်က နမ့်ခမ်းမြို့ကို ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၇နာရီခွဲလောက်မှာ လေကြောင်းကနေ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၃ ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့ကြောင်း Yedashe Township Information ထံက သိရပါတယ်။
Read More

စစ်တပ်၏ သာလွန်အင်အားကြောင့် ယာယီဆုတ်ခွာပေးခဲ့ရသည့် ရန်ကင်းတောင်စခန်းကို တော်လှန်ရေးအင်အားစုများ ပြန်လည်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီးက ရန်ကင်းတောင်မှာ တော်လှန်ရေးအင်အားစုတွေ တပ်စွဲနေစဉ် စစ်တပ် စ်ကြောင်းက သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ယာယီဆုတ်ခွာပေးခဲ့ရမယ့် လက်ရှိမှာ ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း  မော်လိုက်တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ 
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

ရွှေဘိုက ညောင်ကိုင်းကျေးရွာပျူစခန်းကို စခန်းစွန်ခွာ ထွက်ပြေးအောင် ရွှေဘို ပကဖ နည်းလမ်း မျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘို မြို့နယ်၊ ညောင်ကိုင်းကျေးရွာအတွင်း တပ်စွဲနေတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်တပ်ကို စခန်းစွန့်ခွာ ထွက်ပြေးစေဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က နည်းလမ်း မျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပကဖ အသံ သတင်းဖော်ပြထားပါတယ်။