ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကို ဒီနေ့ ဩဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာ မြန်မာဘက်ခြမ်းကနေ စစ်တပ်က ယာယီပိတ်ထားလိုက်တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

အခုလို တံတားပိတ်လိုက်တာကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေ မြဝတီမြို့ကို ထွက်ခွာဖို့ ကုန်တင်ကားတွေဟာ ထိုင်းဘက်ခြမ်းမှာ ပိတ်မိနေပြီး တံတားဖြတ်သန်းခွင့်ပိတ်တာကို မြန်မာဘက်ကနေ အကြောင်းကြားခဲ့ခြင်းလည်း မရှိဘူးလို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

“အခုက အမှတ် (၂) တံတားက ယာယီပိတ်ထားတယ်။ လုံးဝ ကားက ဖြတ်လို့ မရတော့ဘူး။ အမှတ် (၁) တံတားကျတော့လည်း လူပဲ ဖြတ်လို့ရတော့တယ်။ ကားဖြတ်လည်း ကုန်ပေးမသယ်ဘူး။ ဘာကုန်ပစ္စည်းမှကို ပေးမသယ်ဘူး” လို့ မဲဆောက်-မြဝတီကုန်သည်တစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိမှာလည်း ကုန်တင်ကား အစီး ၅၀၀ လောက်ဟာ အမှတ်(၂) တံတားမှာ သောင်တင်နေပြီး တံတားကို ဘယ်အချိန်မှာ ပြန်ဖွင့်ပေးမယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

အခုလို တံတားမပိတ်ခင် ဩဂုတ်လ ၁၂ ရက်နေ့မှာ စစ်တပ်က အခြေခံလူသုံးကုန်ပစ္စည်းအပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးကို တင်သွင်းခွင့်ပိတ်ကြောင်းစာဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါသေးတယ်။

အဲဒီကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ကုန်စည်တွေကို အဓိကတင်သွင်းရာ နယ်စပ်ဒေသဖြစ်တဲ့ မြဝတီမြို့၊ ဘားအံမြို့၊ မော်လမြိုင်မြို့ စတဲ့ မြို့နယ်တွေမှာ ကုန်ဈေးနှုန်းတွေ ထိုးတက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင် တင်သွင်းခွင့် ပိတ်လိုက်တဲ့ ကုန်ပစ္စည်း ၃၅မျိုးကတော့ ခြေညှပ်ဖိနပ်၊ အမွှေးတိုင်၊ ခေါက်ဆွဲ၊ ကြာဇံ၊ ချိုချဥ်၊ ဘီစကစ်၊ ပဲငံပြာရည်၊ ဘထ္ထရီ၊ ပရုတ်လုံး၊ မီးလုံး၊ တစ်ရှူး၊ လူကြီး ဒိုက်ဘာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ တာယာနဲ့ ကျွတ်၊ ကြက်အူချောင်း၊ အသင့်သောက် နို့၊ ဒိန်ချဥ်၊ ဓာတ်လှေကား၊ မီးစက်၊ ဘထ္ထရီ၊ ဆိုဒီယမ်ဆိုင်ယာနိုက်၊ ဆေး၊ လက်ကိုင်ဖုန်း၊ကော်ဖီစေ့၊ ကော်ဖီမှုန့်နဲ လက်ဖက်ခြောက်၊ ဘူဒိုဇာ၊ ကရေဒါ၊ ဝှီးလုတ်ဒါ၊ သစ်သီးမျိုးစုံ စတာတွေ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ငှက်သိုက်၊ လျှပ်စစ်စက်ဘီး၊ မယ်လမင်း၊ သံပေပါခွံ၊ မီးချောင်းတံဆိပ် ကြွေပြားကပ်ကော်မှုန့်၊ ပလက်စတစ်ခြင်း၊ ပုံး၊ ခွက်၊ ထိုင်း SCG ဆင်တံဆိတ် ဘိလပ်မြေတွေကိုလည်း တင်သွင်းခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကုလသမဂ္ဂသံတမန်တွေကို NUG လူ့အခွင့်အရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ရှင်းလင်းပြောကြား

အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးက ဦးအောင်မျိုးမင်းဟာ စက်တင်ဘာလ (၁၉)ရက် မနက်ပိုင်းက ကုလသမဂ္ဂ အဆောက်အဦးမှာ ကျင်းပပြုလုပ်တဲ့ သံတမန်ရေးရာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သံတမန်တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေနေရတဲ့ ရေဘေးဆိုင်ရာအခြေအနေတွေ ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်းထုတ်ထားသည့် မင်းအောင်လှိုင် ရုရှားသွားမည်

အာဂျင်တီးနား တရာရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်မယ်လို့  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ထိုင်းနိုင်ငံမှ ၁၅ ဦးသေဆုံးပြီး ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေရ

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား ဒုတိယနေ့အဖြစ် နယ်စပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ထိုင်းနိုင်ငံက ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

သက်ဆင်ကို အာဆီယံအလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်ကြောင်း မလေးဝန်ကြီးချုပ်ကြေညာ

မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။
Read More

မြန်မာငါးဖမ်းလှေတစ်စီး ထိုင်းရေပိုင်နက်အတွင်း ဖမ်းဆီးခံရ

လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။