ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၁၇ ရက် မနေ့က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၂၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာဟာ စစ်ရေးပစ်မှတ်မဟုတ်သလို တိုက်ပွဲလည်း မဖြစ်ပွားတဲ့ လူထုတည်ရှိရာ ဆေးရုံကို  ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် တိုက်ခိုက်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၅ ယောက် အပါအဝင် အပြစ်မဲ့ပြည်သူ ၂၅ ယောက် အသက်ဆုံးရှုံးခဲ့တဲ့အပြင် ကလေးငယ် ၁ ယောက်အပါအဝင် ဒဏ်ရာရရှိသူ ၁၉ ယောက် ရှိတယ်လို့ သိရပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ၁၅ မိုင်လောက် ကွာဝေးပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာနဲ့ ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကို မရပ်တန့်ဘူးဆိုတဲ့ သက်သေမှတ်တမ်းတစ်ခု ထပ်ဖြစ်လာခဲ့ကြောင်း NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမှာ စစ်ကောင်စီထုတ် မြန်မာဘီယာတွေ မြို့နယ် ပအဖ နဲ့ ပကဖ က ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာတွေကို ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၅) မှ ရဲဘော် ၁ ဦး အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံး

ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ထူးနေခလေး ဟာ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) ဖြစ်ဟု NUG ဆို၊ NUG အပါအဝင် တော်လှန်ရေးအင်အားစုများအား အတိုက်အခံ၊ အစိုးရအားပုန်ကန်သူ ဟု ခေါ်ဝေါ်သုံးစွဲခြင်းများ မပြုရန် တောင်းဆို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ခံထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူ (Enemy of the State) ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
Read More

ဝဲဒေါင့်ဝဲကြီးရွာရှိ စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ ၁၀ ဦးထက်မနည်း သေဆုံးကာ အထိနာသွားသည့် စစ်ကောင်စီတပ် ပြည်သူတွေရှိရာကို ရမ်းသမ်းပစ်ခတ်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ  ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖြူးကပဖ က  သတင်းထုတ်ပြန်ထားပါတယ်။