ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာထဲကို အကြမ်းဖက် စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ မိသားစုဝင် ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၁၈ရက် ဒီမနက်မှာ KIA, KPDF တွေ ထိန်းချုပ်ထားတဲ့ ဘဇံချောက်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကို အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေါ်မြကြည် (၈၅)နှစ်၊ သမီးဖြစ်သူ ဒေါ်‌အေးအေးခိုင် (၄၈)နှစ်နဲ့ မြေးဖြစ်သူ မမေကြယ်ဇင် (၁၅)နှစ်တို့ ထိမှန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

“ဆိပ်မူကျေးရွာတစ်ကျောက လက်ရှိ တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ ဆိပ်မူကျေးရွာဆိုလည်း KIA, KPDF ထိန်းချုပ်ထားတဲ့နယ်မြေလို့ ပြောရတယ်။ အဲ့လိုနယ်မြေဘက်ခြမ်းကို လက်နက်ကြီးနဲ့ စစ်ကောင်စီက ပစ်တာပေါ့နော်။ အဲဒီမှာ နေအိမ်တစ်လုံးပေါ်ကျပြီးတော့ ထိခိုက်တဲ့သူအကုန်လုံးက တစ်မိသားစုတည်းကပဲ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်နက်ကြီးစ ထိမှန်ထားတဲ့ ပြည်သူတွေဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ လက်ရှိ ဖားကန့်မြို့နယ်ထဲမှာ စစ်ကော်မရှင်လက်အောက်ခံ တပ်တွေနဲ့ KIA/KPDF တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ အမှိုက်ပုံ၊ ဖားကန့်သင်္ချိုင်း၊ မောဝမ်းလေး၊ မောဝမ်းကြီး.. ဒီနေရာတွေက အရင်ကလည်း တိုက်ပွဲဖြစ်နေတဲ့နေရာပဲ။ ၃/၄ ရက်အတွင်း တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာတယ်လို့ ပြောလို့ရမယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ရက်နဲ့ ၁၅ရက်နေ့တွေကလည်း ဖားကန့်မြို့နယ်ထဲက ကျေးရွာထဲကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ဆရာဝန်တွေပါ လိုအပ်ရင်တိုက်ပွဲတွေမှာ ဝင်တိုက်ပေးဖို့ မင်းအောင်လှိုင်က ဆိုပြန်

စစ်သားအင်အား အမြောက်အမြားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလိုအပ်လာရင် တိုက်ပွဲတွေအတွက် စစ်ဆရာဝန်တွေပါ ဝင်ရောက်တိုက်ခိုက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ PDF ရဲဘော်များ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး စစ်ရေးအခြေအနေတွေကို ပြည်သူတွေဆီ တင်ပြ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီအမှတ် ၃ တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမှာ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို လမ်းပေါ် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးဆိုသူကို ပစ်ခတ်ရှင်းရာ လက်ပစ်ဗုံး ၂လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် အသက် ၂၁ နှစ်အရွယ် နေပြည်တော် PDF ဒုတပ်ခွဲမှူး ရဲဘော်ငတေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၈၀၅) တပ်ရင်း၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ထနောင်းစစ်ကြောင်း တပ်ခွဲ ၁ က ဒုတပ်ခွဲမှူး ရဲဘော်ငတေရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ် (၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်တွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျားဖြစ်ပြီး ဦးတည်ချက်ပြောင်းသွားခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။