ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဩဂုတ် ၁၅ ရက် မနက် ၅ နာရီကျော်လောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဘော်ဒါကျေးရွာရှိ အင်အား ၄၀ ကျော်နဲ့ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ ဂိတ်အထိုင်စခန်းကို သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်က ၅ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့သလို ၃ ယောက်ကိုလည်း အရှင်ဖမ်းဆီးရရှိထားတယ်လို့ ဆိုပါတယ်။

“သူတို့ဘက်က ၃ ယောက်ကိုတော့ ကျနော်တို့ တိုက်ပွဲအတွင်းမှာပဲ ဖမ်းဆီးရမိခဲ့တာ၊ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး၊ ကျနော်တို့ရမိထားတဲ့ စစ်သုံ့ပန်း ၃ ဦးကို ကောင်းမွန်စွာပြုစုစောင့်ရှောက်ထားပါတယ်။ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဆောင်ရွက်ထားပါတယ် ” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ် ။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ထံက MA3 (၂)လက်၊ MA11 (၁)လက်၊ အူစီ (၁)လက်၊ ပစ္စတို (၁) လက်၊ ကျည်မျိုးစုံ(၂၇၆)တောင့်၊ ရှေ့ထွက်မိုင်း (၁)လုံး၊ ကျည်ဘောက် (၁၃)ဘောက်၊ Icon (၁)လုံး၊ မိုဘိုင်းဖုန်း (၄)လုံး၊ ဆက်သွယ်ရေးအထိုင်စက် (၁)လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို  ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် အမှတ်(၁) ၃၆၀၁ တပ်ရင်း၊ ပြည်ခရိုင်အမှတ်(၂) ၃၆၀၂ တပ်ရင်း နဲ့ တောင်ငူခရိုင်အမှတ်(၁) ၃၅၀၁ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း အကြမ်းဖက်စစ်‌ကော်မရှင်တပ်ရဲ့ အထိုင်စခန်း(၄)ခုအပြင် စာသင်ကျောင်းကုန်း၊ သစ်တောကုန်း၊ ဆက်သွယ်ရေးကုန်းတွေကို မီးရှိုနိုင်ခဲ့သလို စစ်ကော်မရှင်တပ်ဘက်က‌လည်း လက်နက်ကြီး ၊ လက်နက်ငယ်မျိုးစုံနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဘက်က‌ မနက်ပိုင်းမှာ Gyrocopter နဲ့ ပေါင်(၃၀၀) ဗုံးသီး(၁)လုံး ကြဲချခဲ့သလို ညပိုင်းမှာလည်း ကြိမ်ချောင်းရွာထဲကို သဲကုန်းမြို့ဘက်က တက်လာတဲ့ Paramotor (၂)စီးနဲ့ ပေါင်(၃၀၀) ဗုံးသီး (၄) လုံး ကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ (၆) ယောက် သေဆုံးပြီး (၅) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လပ်ရှိမှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ  ဘော်ဒါကျေးရွာထဲမှာ လူအင်အားထပ်မံဖြည့်တင်းထားသလို ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း မေလအတွင်းတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၉၇) ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း မေလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၉၇) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကယန်းလူထု အခြေပြု ကယန်းအမျိုးသားတပ်မတော် စတင်ဖွဲ့စည်း

ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမှာ စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွား၊ အကြမ်းဖက်စစ်သား ၁၄ ဦး သေဆုံး…

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ထုတ်ပြန်၊ ဟန်ပြရွေးကောက်ပွဲတွင် ပူးပေါင်းသူများကို စစ်ရာဇဝတ်မှု ကိုယ်တိုင်ကျူးလွန်သူများအဖြစ် ပြည်သူများ သတ်မှတ်မည်ဟု သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းပြီးကတည်းက စစ်တပ်ကနေ CDM လုပ်ပြီး တော်လှန်နေတဲ့ PDF-Zoland ဒုတပ်စိတ်မှူး ဆေးဝါးမလုံလောက်မှုကြောင့် ကွယ်လွန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် PDF Zolandအဖွဲ့ရဲ့ ဒုတပ်စိတ်မှူးဟာ ဆေးဝါးမလုံလောက်မှုကြောင့် နို၀င်ဘာ ၄ ရက် မနေ့က မနက်ပိုင်းမှာ  ကွယ်လွန်သွားတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

BPLA ကအညာဒေသအတွက် တပ်သားသစ်တွေကိုခေါ်ယူနေ

အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။