တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တမိုင်းတောင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပုလောမြို့နယ်၊ အောင်ပူ(အင်ဖုံး) ကျေးရွာအုပ်စုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၂၈၅) တပ်ရင်းက တပ်စွဲထားတဲ့ တမိုင်းတောင်စခန်းကုန်းက အကြမ်းဖက်စစ်သားအားလုံး ဩဂုတ်လ (၁၇) ရက်မှာ စခန်းမှ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်တပ်စခန်းကုန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တပ်ရင်း(၇) တပ်ခွဲ(၅)နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် K.N.L.A အထူးတပ်ဖွဲ့ က (၁)လအတွင်း ရိက္ခာဖြတ်‌တောက်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ရာက စစ်သားတွေ စခန်းကနေ ဆုတ်ခွာထွက်‌ပြေးသွားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါစခန်းကုန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တပ်ရင်း(၇) တပ်ခွဲ(၅) နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် K.N.L.Aအထူးတပ်ဖွဲ့က နယ်မြေရှင်း လင်းမှုတွေ လုပ်‌ဆောင်ပြီး ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

K.N.D.O တပ်ရင်း(၇) တပ်ခွဲ(၅)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A အထူးတပ်ဖွဲ့ များနယ်မြေရှင်းလင်းပုံ (ဓာတ်ပုံ KNU – Mergui-Tavoy District)

0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆တပ်ရင်း၏ အနောက်ဘက်တွင် လေယာဉ်ကွင်းဖောက်ဖို့ဆိုပြီး လူနေအိမ်များကို ပြောင်းရွှေ့ခိုင်းနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်တပ်ရင်းဖြစ်တဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်း (ခလရ ၃၆) အနောက်ဘက်မှာ လေယာဥ်ကွင်းဆောက်လုပ်ဖို့ဆိုပြီး လူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက် ၁ လက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆက်ကြေးကောက် ငွေညှစ်ဖို့ထွက်လာသည့် စစ်သားများ ကင်းပုန်းဝပ်တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ သေနတ်၂ လက်နှင့် ပစ္စည်းတချို့ ပြောက်ကျားတပ်ဖွဲ့ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်နဲ့ ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆေးဝါးကုသရေး ခက်ခဲသည့်နေရာများမှ ပြည်သူလူထုကို တပ်ကုန်းမြို့နယ် PDF ဆေးဝါးကုသမှုပေးနေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနခွဲ၊ နေပြည်တော် တပ်ရင်း ၈၀၃ - တပ်ကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဆေးဝါးကုသရေး ခက်ခဲတဲ့နေရာတွေမှာ ပြည်သူလူထုကို ဆေးဝါးကုသမှုပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့ အမည်ခံ ခြိမ်းခြောက် ငွေလိမ်နေသူများကို ထိရောက်စွာ အရေးယူမည်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အယောင်ဆောင်ကာ ငွေကြေးခြိမ်းခြောက်တောင်းခံမှုတွေ ရှိနေကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။