မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီ ပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ မြေပြင်ဝေဟင် အကူအညီတွေ အသည်းအသန်သုံးရင်း ပေါက်မြို့ထဲ ဆက်လက်ဝင်ရောက်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစလို့ ပခုက္ကူ တပ်မ ၁၀၁ ကနေ စစ်ကြောင်း ၂ ခု ခွဲထွက်လာတဲ့  တပ်သားအင်အား ၁၀၀၀ ခန့်နဲ့ ရိက္ခာကားတန်း ၁၀၀ ပါ အကြမ်းဖက်စစ်ကြောင်းဟာ ပခုက္ကူနဲ့ ကမ္မမြို့တွေကို ဖြတ်ကျော်ကာ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းပေါ်က တက်မတောင်အရှေ့နဲ့ အနောက်တဝိုက်ရွာတွေမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ ရိက္ခာပို့ကားတန်းနဲ့ စစ်ကြောင်းတွေဟာ ပေါက်မြို့အနောက်မြောက်ဘက်မှာရှိတဲ့ ကပစ ၂၄ အထိ သွားရောက်ဖို့ ထွက်ခွာလာတာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ယူဆထားပြီး ပေါက်နယ်အစပ်ကနေ ခုခံတိုက်ခိုက်နေခဲ့တာကြောင့် စစ်ကြောင်း ၂ ခုလုံး ၃ လနီးပါးကြာ ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ကတော့ စစ်ကြောင်း ၂ ခု ဖြတ်သန်းရာ လမ်းတလျှောက်ကို လေယာဥ်နဲ့ ဗုံးတွေ ရာချီ ကြဲချတိုက်ခိုက်ခဲ့သလို နောက်ချန်အင်အား ဖြည့်တင်းပေးတာတွေနဲ့ ဒရုန်းနဲ့ ဗုံးချတာတွေလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒီအတွက် စစ်ကြောင်းဖြတ်သွားနိုင်ဖို့ ရှေ့ပြေးကင်းထောက်လွှတ်တဲ့ စစ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေလည်း နေ့တိုင်းလိုလို ရှိခဲ့ပြီး စစ်အုပ်စုက ရွာတွေကို ဝင်ရောက်မွှေနှောက်ရင်း မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့မှာတော့ အထက်ပါ စစ်ကြောင်း၂ ခုလုံးဟာ တက်မတောင်ကို ကျော်နိုင်ခဲ့ပြီး ရေပြာဘက်ရောက်ရှိခဲ့ကာ ပေါက်မြို့နယ်ထဲကို ပေါက်-အုန်းတောလမ်းပိုင်းအတွင်း ဆက်လက် ဝင်ရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“တကယ်တမ်းက ပခုက္ကူနဲ့ ပေါက်က ၃ နာရီလောက်ပဲ သွားရတယ်။ ဒါပေမယ့် ၃ လလောက် ပိတ်မိနေခဲ့တယ်ပေါ့။ သူတို့တွေ တက်မတောင်ကို ကျော်နိုင်သွားတယ်ဆိုတာကလည်း အင်းအားအလွန်အကျွံသုံးတာရယ်၊ အချိန်အကြာကြီးယူတာရယ်အပြင် လေကြောင်းပစ်ကူနဲ့ ဒရုန်းကင်းထောက်တာတွေ အများကြီးကြောင့်ပါ။ မနက်ဖြန်လောက်မှာ ပေါက်မြို့ပေါ်အထိ ရောက်နိုင်ပါတယ်” လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကြောင်းတွေဟာ ပေါက်-အုန်းတော (လမ်းသစ်) လမ်းပိုင်းကို အသုံးပြုရင်း ဆက်လက်ဝင်ရောက်နေပြီး ဒီးဒုတ်ကွင်း၊ ယာကြီးပြင် ၊ ကုက္ကိုလ်စုရွာတွေကို ဖြတ်သန်းကာ ပေါက်မြို့အထိ ဝင်ရောက်ဖို့ ရှိနေကြောင်း သိရပါတယ်။

ဒီအတွက် ပျူစောထီးရွာက စစ်အုပ်စုတွေဟာ စစ်ကြောင်းကို ကြိုတာမျိုးတွေရှိသလို ရိက္ခာဖြည့်တင်းတဲ့အနေနဲ့ အရပ်သားကျေးရွာတွေထဲ ဝင်ရောက်ခိုးယူတာတွေရှိတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“စစ်ကြောင်းကိုကြိုဖို့ဆိုပြီး ပေါက်မြို့ပေါ်မှာလည်း ပန်းစည်းတွေ ပြင်နေတယ်။ နောက်ချန်စစ်ကြောင်းကလည်း ဘုရားတောင်နားမှာ ကင်းပုန်းဝပ်နေကြပါတယ်။ ဒီရက်ပိုင်းထဲ ကုက္ကိုစုနဲ့ ဒီးဒုတ်ကွင်း ပျူတွေက ဘေးနား ရွာတွေထဲဝင်ပြီး ပြည်သူပိုင် ဆိုင်ကယ်နဲ့ လှည်းတွေ သယ်ကြပါတယ်” လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

တစ်ဖက်မှာလည်း အထက်ပါ ပခုက္ကူတပ်မ ၁၀၁ စစ်ကြောင်းတွေကနေ စစ်သားအင်အား ရာနဲ့ချီ အလင်းဝင်ရောက်လာပြီး ခရိုင်မှူးနဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေကို ဖမ်းဆီးထားကြောင်း၊ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်လိုသူတွေကိုလည်း ဗျူဟာ၊ တပ်ရင်း၊ တပ်ဖွဲ့စုစည်းကာ အနီးကပ်လေ့ကျင့်သင်ကြားတာ၊ မူလပကတိစိတ်ဓာတ် ပြုပြင်ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်ထားမှုနဲ့ ပတ်သက်ပြီး မောင်းအနေနဲ့ ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားလာခြင်း မရှိသေးပါဘူး။

အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် ခေါ် တပ်မ ၁၀၁ စစ်ကြောင်းမှာ လက်အောက်ခံ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ (၂၅၁၊ ၁၅၂၊ ၂၅၄၊ ၂၅၇၊ ၂၅၈၊ ၂၅၉၊ ၂၃၅) တပ်ရင်းတွေနဲ့ ပြည်သူ့စစ် သင်တန်းဆင်းတွေ ပါဝင်ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ ကြိုဆို

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ထုတ်ပြန်ချက်နဲ့အတူ၊ အောင်ပွဲနဲ့ အိမ်ပြန်ရောက်လာတဲ့ တပ်ရင်းရဲဘော်တချို့ကို ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပုံတွေကိုလည်း ပခုက္ကူခရိုင် အမှတ် (၁၇) က ဒီကနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
Read More

သံဃာတော်တွေကို ဆွမ်းကပ်နေချိန် စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါ ၃ ဦး သေဆုံး

သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် အထိုင်ချစခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်၊ ဒီဇင်ဘာလတိုက်ပွဲတွေအတွင်း စစ်တပ်က  (၁၅၁) ယောက် သေပြီး (၈၉) ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အတည်ပြုထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်း ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

PLA တပ်ဖွဲ့ရဲ့ စစ်ရေးပြလေ့ကျင့်မှု (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ အ နောက်မြောက်စစ်ဒေသ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်း စစ်ရေးပြလေ့ကျင့်မှု နဲ့ ၃ မိုင် မနားတမ်း ချီတက်ခြင်း ကိုပြုလုပ်ခဲ့ကြောင်း PLA ကထုတ်ပြန်ပါတယ်။
Read More

ရွာငံတွင် ထွေအုပ်ဝန်ထမ်းများ ဖမ်းခံရမှုကြောင့် အရှေ့မြင်အနောက်မြင် တောင်တန်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းတွေ ဖမ်းဆီးခံရမှုနဲ့အတူ စစ်ကောင်စီက မြဧတီကျေးရွာကို အကြမ်းဖက်စီးနင်း ရှာဖွေခဲ့တယ်လို့ ရွာငံဒေသခံ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

သန်လျင်မြို့ အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာကို အကြမ်းဖက်စစ်တပ် ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်တိုင်း၊ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။