“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်ခရိုင်က ခရိုင်မှူးဖြစ်သူ တာ့ညီလင်းဟာ အမျိုးသမီးငယ် (၄) ယောက်ကို အဓမ္မပြုကျင့် စော်ကားခဲ့မှုနဲ့ UWSA – တရားစီရင်ရေးဌာနက သြဂုတ် ၁၆ ရက် မနေ့က လူထုရှေ့မှာ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် တရားစီရင်ချက် ချမှတ်ခဲ့တယ်လို့ “ဝ” လူငယ့်အသံက သတင်းဖော်ပြထားပါတယ်။

တာ့ညီလင်းဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်အပါအဝင် အမျိုးသမီးငယ် (၄) ယောက်ကို အဓမ္မ ပြုကျင့်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး (၂) ယောက်ကို အဓမ္မ ပြုကျင်ခဲ့ကာ ကျန် (၂) ယောက်ကိုတော့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

“ဝ” ပြည်နယ် တရားစီရင်ရေးဌာနက ဟိုပန် ခရိုင်မှူး တာ့ညီလင်းကို စုံစမ်းစစ်ဆေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် လူသက်သေ၊ နှုတ်သက်သေ၊ စာသက်သေနဲ့ မျက်မြင်သက်သေထွက်ဆိုချက်တွေအရ အမှုကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ တာ့ညီလင်းအနေနဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီးငယ် ၂ ယောက်ကို တရုတ် ယွမ် ၁ သိန်းစီနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခဲ့တဲ့ အမျိုးသမီးငယ် ၂ ယောက်ကို ယွမ် ၅ သောင်းစီ စုစုပေါင်း ယွမ် ၃ သိန်းကို နစ်နာသူတွေဆီ ပေးလျော်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရိုင်မှူး တာ့ညီလင်း လက်အောက်မှာ တာဝန်ထမ်းဆောင်တဲ့ ကြံရာပါ (၃) ယောက်ဖြစ်တဲ့ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်၊ ယဥ်ကျေးမှုအသင်း ခေါင်းဆောင်တို့ကိုလည်း လက်ရှိရာထူးကနေ အသီးသီးလျှော့ချလိုက်ပြီး (၃) လစီ ယာယီရပ်နားထားတယ်လို့ သိရပါတယ်။

တရားစီရင်ချက် ချမှတ်တဲ့ အခမ်းအနားကို သြဂုတ် ၁၆ ရက် မနေ့က မနက်ပိုင်းက ဟိုပန်မြို့ယဥ်ကျေးမှုကွင်းထဲမှာ ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူတွေကို တစ်အိမ်တစ်ယောက် လာရောက်ကြည့်ရှု့နားထောင်စေခဲ့သလို “ဝ” ပြည်နယ် ဗဟိုကော်မတီရဲ့ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ပေါက်အိုက်ခမ်း၊ ဘာသာရေးမှူး တာ့သောင်း၊ အမျိုးသမီးရေးရာဌာန ခေါင်းဆောင်၊ လုံခြုံရေးအဖွဲ့အသီးသီးနဲ့ ဟိုပန်ခရိုင် ကိုယ်စားပြုဌာနအသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Wa News Land)
0 Shares:
You May Also Like
Read More

မွန်ပြည်နယ် ကျေးရွာအုပ်စု ၁၄၀ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ကြေညာ

မွန်ပြည်နယ်က ကျေးရွာအုပ်စုပေါင်း ၁၄၀ မှာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာပါတယ်။ မွန်ပြည်နယ် (၁၀) မြို့နယ်ထဲက မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်ကလွဲရင် ကျန်တဲ့ ၇ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေ ကျေးရွာအုပ်စု ၁၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Read More

ပုသိမ်ကြီးနှင့် မတ္တရာအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF ထုတ်ပြန်၊ စစ်ကောင်စီအလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လာမှုတွေ ရှိနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF သတင်းထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စုဂိတ်စခန်းတစ်ခုအား ဒရုန်း ၁၀ စီးဖြင့် တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။
Read More

ကော့ကရိတ်မှာ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု ၅ ဦးထက်မနည်း သေပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ၊ စစ်တပ်ဆီက လက်နက်ခဲယမ်းများအပြင် မူးယစ်ဆေးဝါးပါ သိမ်းဆည်းရမိ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ ၅ ယောက်ထက်မနည်း သေပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ Justice Soldier PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မံစီက သိမ်းပိုက်ရရှိတဲ့စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေမှာ KIO/KIA အလံတွေကို စတင်လွှင့်ထူ

ကချင်ပြည်နယ်၊ မံစီမြို့ ကို KIA က သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ကာ KIO/KIA အလံတွေကို လွှင့်ထူထားတဲ့ ဓာတ်ပုံတွေကို စစ်ရေးသတင်းအရင်းအမြစ်တချို့မှာ ဖော်ပြလာပါတယ်။