ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုလက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်က နောင်ထော်ယန်းပိုင်းကျေးရွာကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာကို PNO ပြည်သူ့စစ်က မီးရှို့ခဲ့ပြီးနောက် မီးလောင်နေတဲ့ သက်သေရုပ်သံဖိုင်ကို PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းနဲ့ သက်သေအဖြစ်ရိုက်ကူးကာ အခုလို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးတွင် ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၆ ဦး သေပြီး ပြည်သူ ၆ ဦး လွတ်မြောက်လာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲနေတဲ့ စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ ၆ ယောက် လွတ်မြောက်လာတယ်လို့ လောင်းလုံးပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ ပြောက်ကျား တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ရဲ့ အ​ခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၆ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန (MOD)က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် ထနောင်းဝင်းကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းဝင်းကျေးရွာမှာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Three Stars People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

“အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၁၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြေးဖြစ်သူ ကိုထိန်လင်းက ပဲပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပြခဲ့ပါတယ်။
Read More

ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်နဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၆) သင်တန်းဆင်းပွဲ ကျင်းပ (ရုပ်/သံ)

ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း ၃ နှစ်ပြည့်နဲ့ အခြေခံစစ်ပညာသင် တန်းအပတ်စဉ် (၆) သင်တန်းဆင်းပွဲ မှတ်တမ်းရုပ်သံကို DNLA - ဓဝယ်တပ်တော်မှ ထုတ်ပြန်ခဲ့ပါ တယ်။