ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းစံပြကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်က အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (Fire Dragon) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၆ ရက် မနက်ပိုင်းက ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းစံပြကျေးရွာရှိ ဆွဲဒလွဲပိုင်းတစ်နေရာမှာ အကြမ်းဖက်စစ်သားတွေနဲ့ Fire Dragon တပ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အရာရှိတစ်ယောက်နဲ့ ရဲဘော်တစ်ယောက် ထိခိုက်သေဆုံးခဲ့ပြီး တိုက်ခိုက်မှုအတွင်း တောကျီးကန်းတပ်ရင်းဒရုန်းအဖွဲ့ကလည်း Frie Dragon နဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ညောင်လေးပင်မြို့ရှိ ခမရ(၂၀) က ၁၂၀ မမ လက်နက်ကြီးတွေ ပစ်ကူပေးတဲ့အပြင် ညောင်လေးပင်-မဒေါက်လမ်းပိုင်းပေါ်ရှိ ရေကြည်ချောင်းဂိတ်စခန်းကပါ လက်နက်ကြီးတွေ အချက်ပေါင်းများစွာ ပစ်ကူပေးခဲ့ပေမယ့် Fire Dragon ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မွန်းလွဲပိုင်းမှာလည်း ပုစွန်မြောင်းကျေးရွာ၊ အိုးဘိုပိုင်းမှာ အကြမ်းဖက်စစ်သားတွေနဲ Frie Dragon ရဲဘော်တွေ ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

Fire Dragon ရဲဘော်တွေက လက်ဦးမှုရယူပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၂) ယောက် ထပ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူတွေနဲ့ ဖိအားပေးပစ်ခတ်ခဲ့ပေမယ့် Fire Dragon ရဲဘော်တွေအနေနဲ့  အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNDF တပ်ရင်း ၆ မှာ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင် ပြသ

ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ် လက်နက်ကိုင် တော်လှန်ရေးကို အခြေခံပြီး Karenni Arts Creation(KAC)အဖွဲ့က ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ် (၆) တပ်ရင်းမှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ယာယီသမ္မတရဲ့ နှစ်သစ်ကူးလွတ်ငြိမ်းသာသာခွင့်အမိန့်အရ ပုလဲ ပအဖ က အကျဥ်းသား ၅ ယောက်ကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် ၁ / ၂၀၂၅ အရ လွတ်ငြိမ်းသက်သာခွင့်ရရှိတဲ့ ပုလဲမြို့နယ် အကျဉ်းထောင်က အကျဉ်းသား ( ၅ ) ယောက်ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ် တရားစီရင်ရေးအဖွဲ့တို့က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် တောင်ငူ ဝေဠုဝန်ဘုန်းကြီးကျောင်းပြိုကျပြီး ကိုရင် တစ်ပါးအပါ စစ်ဘေးရှောင်ကလေးငယ် ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ဝေဠုဝန်ဘုန်းကြီးကျောင်း သိမ်ပြိုကျခဲ့ပြီး ကိုရင်ငယ် ၁ ပါး အပါအဝင် စစ်ရှောင်ကလေးငယ် ၆ လောင်း တွေ့ရှိခဲ့တယ်လို့ Save The Trees Rescue Team က ဖော်ပြထားပါတယ်။
Read More

ဆောမြို့ပေါ် ၁၃ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့် သတ်ကာ အလောင်းဖျောက်ခဲ့သူကို နယ်မြေခံတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား၊ သေဒဏ်ပေးရန် ပြည်သူများ ဆန္ဒပြနေ

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

စျေးဝယ်ထွက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခံရပြီး ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ယောက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှာ စစ်ရှောင်များနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်သူမိသားစုကို ကူညီထောက်ပံ့

ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ နဲ့ အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ ၊ တော်ဝင်ဒေါင်းစစ်ကြောင်းက လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။