မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးကို ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးထားအမှုအပေါ် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဘက် အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်၊ ည ၉ နာရီဝန်းကျင်အချိန်မှာ STUM အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးကို သူ့ရဲ့ နေအိမ်မှာပဲ ဝင်ရောက်ဖမ်းဆီးပြီးနောက် အောင်သပြေစစ်ကြောရေး ၉ မိုင်အနီး အကူ (၁) မှာ ထိန်းသိမ်းချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ ဇူလိုင်လ ၂၇ ရက်နေ့မှာ သမဂ္ဂခေါင်းဆောင် မသင်းထက်စံ အပါအဝင် အဖွဲ့ဝင် ၈ယောက်ကိုလည်း စစ်ကော်မရှင်တပ်တွေက STUM ရုံးမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“အခု အဖမ်းခံထားရတာ ၁၀ဦး ဟုတ်ပါတယ်။ လာမယ့် ၂၀ ရက်နေ့ကို ရုံးထုတ်မယ်ကလွဲပြီး ကျန်တာ မသိရသေးပါဘူး။ အစကတော့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရတယ်၊ အခုကတော့ တွေ့ခွင့် မရတော့ဘူးကြားတယ်” လို့ အမည်မဖော်လိုတဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ လုပ်ငန်းခွင်တွေမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်အားခေါင်းပုံဖြတ်ခံရတာတွေ၊ အတင်းအဓမ္မခိုင်းစေခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး အခုလို အလုပ်သမားတွေရဲ့ အခက်အခဲတွေအတွက် ကူညီဖြေရှင်းနေတဲ့သူတွေကို ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာ ရှုံ့ချတယ်လို့ ဆိုထားပါတယ်။

STUM အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး

ဒါ့အပြင် အခုလုပ်ရပ်ဟာ အခြေခံအလုပ်သမားလူတန်းစားတွေအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေပါခံစားခွင့်တွေနဲ့ လုပ်ငန်းခွင်ကို အဟန့်အတားဖြစ်စေတာကြောင့် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။

စစ်ကော်မရှင် ဖမ်းဆီးထားတဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့အတွက် ရွှေပြည်သာမြို့နယ် အထည်ချုပ် အလုပ်သမား အဖွဲ့အစည်း၊ GTIG Guohua Glory အထည်ချုပ် အခြေခံ အလုပ်သမားအဖွဲ့အစည်း၊ Gysen အထည်ချုပ် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Golden Colour Fashion အထည်ချုပ် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Bontech အထည်ချုပ် အခြေခံအလုပ်သမားအဖွဲ့အစည်းနဲ့  True Green ကော်စေ့စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်းတို့က ပူးတွဲ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ ဖမ်းဆီးခံထားရသူ ၁၀ ယောက်ကို ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁) (စ) (ဆ) တို့နဲ့ သီးခြားစီ အမှုဖွင့် စွဲဆိုထားပြီး မြို့နယ်တရားရုံး (၃) ရုံးကနေ  ချုပ်ရီမာန်ပေးထားတယ်လို့ ကနဦး သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး ကလေးငယ် ၄ဦး အပါအဝင် ၁၁ ဦးကို သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းပြီး ကလေးငယ် ၄ ယောက် အပါအဝင် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

၈ ထပ် ရေတံခွန်တွင် ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသူ၏ ရုပ်အလောင်း ပြန်လည်ရရှိ

“ကျနော်တို့ ဒီကနေ့ မနက်အစောပိုင်းကတည်းက ရှာဖွေမှုတွေ စခဲ့တာပါ။ နေ့လယ် ၁၁ ခွဲဝန်းကျင်လောက်မှာ အလောင်းကို ရှာတွေ့ခဲ့တာ… ၈ထပ်ရေတံခွန်ရဲ့ အောက်မှာလေ.. ၃ထပ်ရေတံခွန်ဆိုပြီး ရှိပါတယ်။ အဲ့ဒီနေရာမှာ တွေ့တာပါ။ အမျိုးသမီး ၁ဦးရဲ့ အလောင်းကိုတော့ ဆက်လက်ရှာဖွေနေပါတယ်” လို့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူတယောက်က မောင်းကို ပြောပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့နေ၊ ပြည်သူ ၇၀၀၀ နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တော်လှန်ရေးရဲဘော်များ ပစ်ခတ်တဲ့ ဒရုန်း‌ကြောင့် ရွှေဘို သီလုံးရွာက ပျူခေါင်းဆောင်သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းက သီလုံး ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့လို့ ပျုခေါင်းဆောင် ၁ဦး သေဆုံးပြီး၊ ပျူစောထီး ၄ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Shwebo Crocodile က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ ပြလုပ်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူအား တာဝန်မှ ယာယီရပ်နားကာ စစ်ဆေးနေသည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားကာ သူတို့နဲ့ ပတ်သက်တဲ့ တိုင်ကြားချက်အ‌ပေါ် စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ စတင်‌ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။