ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အကြမ်းဖက်စစ်တပ်နဲ့ SNAပြည်သူ့စစ်တို့ တပ်စွဲထားတဲ့ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန Laiza TV ကနေ ဩဂုတ် ၁၆ရက် မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

KIA တပ်မဟာ (၉) တပ်ရင်း (၂၆) ပူးပေါင်းတပ်တွေ တပ်စွဲခဲ့တဲ့ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာကနေ ဇူလိုင်အတွင်း ဆုတ်ခွာပေးခဲ့ရပြီးနောက် အကြမ်းဖက်စစ်တပ်နဲ့ SNA ပြည်သူ့စစ်တွေ တပ်စွဲထားခဲ့ရာက မနေ့က မနက်ပိုင်းမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတပ်စခန်း ၂ ခုကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မနေ့က မနက်အစောပိုင်းမှာ ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ၇ နာရီကြာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ KIA က ဆိုပါတယ်။

ဗန်းမော်မြို့မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး KIA တပ်တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတဲ့ အမတ ၃၆၆ တပ်ရင်းစခန်းကို မနေ့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် မောင်းသတင်းဌာနအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်တပ်က ဗန်းမော်မြို့ခုခံစစ်အတွက် ရေကြောင်းကနေပါ စစ်ကူတွေ ပို့ဆောင်ပေးနေပြီး တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဒီနေ့အချိန်အထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂွမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ လက်တစ်ကမ်းသာလိုတော့ဟု AA ထုတ်ပြန်

ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်က ဂွမြို့ ကို အာရက္ခတပ်တော် AA က လက်ရသိမ်းဆည်းနိုင်ဖို့ အနီးစပ်ဆုံးကို ရောက်ရှိနေပြီဖြစ်ကြောင်း AA က ဒီဇင်ဘာ ၂၁ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်နယ်ရှိ နေအိမ်များကို ဒရုန်းနှင့် ပစ်ခတ်၊ ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးသွား

“လက်နက်ကြီးထုတယ် ပြီးမှ မြေပြင်ကနေသွားပြီးတော့ ပေါတာဆွဲတာ အခုချိန်ကရွာသားတွေက တောင်သူလယ်သမားတွေဆိုတော့ ကိုယ့်လယ်တွေမှာ ပေါင်းလုပ်တာတွေ စပါးပင်တွေကြည့်ရှုတာ တွေရှိတယ် အိမ်ပြန်ရောက်ခါစဆိုတော့ ထွက်ပြေးချိန်တောင်မရလိုက်ဘူး နောက်ထပ်ဘယ်သူတွေပါသွားလဲဆိုတာ ထပ်ပြီးစုံစမ်းနေတယ် ***တွေကတော့ ပြန်ဆုတ်သွားပြီး ” လို့ အထက်ပါတပ်ခွဲမှူး ကိုကရင်လေးက ဆက်ပြောပါတယ်။
Read More

ချင်းပြည်နယ်က စစ်ကောင်စီရဲ့ အောင်တိုတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ချင်းပြည်နယ် ဟားခါး နဲ့ ထန်တလန်ကြားက  နောက်ဆုံးလက်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်း အမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပြည်ပမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီအတွက် စစ်မှုထမ်းရသူ အရေအတွက် မြင့်တက်နေ

ပြည်ပမှာ တရားမဝင်လုပ်သားအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတချို့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရစဉ် စစ်မှုထမ်းအဖြစ် မတရားစုဆောင်းခံရသူ ၁၆၀ ကျော်အထိ ရှိခဲ့ကြောင်း Spring Revolution DataBase (SRD) က ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ရှောင်ကလေးတွေ ပညာသင်ဖို့ ကျောင်းဆောင်အသစ်တွေ ဆောက်လုပ်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားဖို့ စာသင်ကျောင်းဆောင်တွေကို ဒေသခံပြည်သူတွေ ပူးပေါင်းဆောက်လုပ်နေကြကြောင်း သိရပါတယ်။