မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် ပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၇ ရက် ဒီနေ့ မနက် ၉ နာရီအချိန်မှာ မိုးကုတ်မြို့အရှေ့ပိုင်း၊ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၃) လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၁) ယောက်နဲ့ အမျိုးသား (၂) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံးနဲ့ လေးထပ်ဆောင် အဆောက်အအုံ (၁) လုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၅)ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၂၁) ယောက် သေဆုံးခဲ့ပြီး (၇) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၅) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က အခုလအတွင်း လေကြောင်းကနေ မိုးကုတ်မြို့ကို (၃) ကြိမ်၊ ကျောက်မဲမြို့နယ်ကို (၂)ကြိမ်၊ သီပေါမြို့ကို (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး (၃) ယောက်၊ သံဃာတော် (၂) ပါး၊ အမျိုးသမီး (၁၇) ယောက်နဲ့ အမျိုးသား (၁၆) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၁) ပါး၊ အမျိုးသမီး (၇) ယောက်နဲ့ အမျိုးသား (၁၉) ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကဝမြို့နယ် ပကဖ၏ ဆေးတပ်ဖွဲ့က စိုးမိုးနယ်မြေအတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့် ရပ်ရွာလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆေးတပ်ဖွဲ့က တော်လှန်ရေးရဲဘော်တွေနဲ့ ရပ်ရွာလူထုကို ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ တတ်နိုင်သမျှ စဉ်ဆက်မပြတ် အခမဲ့ ပြုလုပ်ပေးနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

၇၈ နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် Southern Eagle PDF မှ ကျဆုံးရဲဘော် ၇ ဦးကို ဂုဏ်ပြုဦးညွတ်ကြောင်း ထုတ်ပြန်…

ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF (P-29909) တပ်ရင်းက နွေဦးတော်လှန်ရေးအတွင်း တပ်ရင်းက ကျဆုံးရဲဘော် ၇ ယောက်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ငလျင်ဘေးသင့် ဒေသများကို ထွေအုပ်ရုံးများမှတဆင့် လှူဒါန်းဖို့ စစ်ကောင်စီ ထုတ်ပြန်

ကျန်းမာရေးရှုထောင့် အကြောင်းပြကာ ငလျင်ဘေးသင့်ဒေသတွေမှာ ကုန်ခြောက်တွေကိုသာ ထွေအုပ်ရုံးတွေကတဆင့် လှူဒါန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များမှာ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅)ဦးနှင့် ရောင်းဝယ်သူ (၇)ဦး ဖမ်းဆီးနိုင်ခဲ့ဟု TNLA ထုတ်ပြန်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်၊  မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နဲ့ မိုင်းယော်မြို့နယ်မှာ ဖေဖော်ဝါရီလ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ယောက်နဲ့ ရောင်းဝယ်သူ (၇) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

အမ်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဆီ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေ ပို့ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုထားကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA အပစ်ရပ် သဘောတူညီမှုကြောင့် တရုတ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံဘက်ကထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်တွေမှာ အသိပေး ရေးသားလာကြပါတယ်။